ကြားဖြတ်ရွှေးကောက်ပွဲရက်မသေချာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုလျက်ရှိ

ကြားဖြတ်ရွှေးကောက်ပွဲရက်မသေချာသေးသော်လည်း ကြိုတင်ပြင်ဆင်မှုလျက်ရှိ

ကြားဖြတ်ရွေးကောက်ပွဲရက်မသေချာသေးသော်လည်း ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပြင်ဆင်မှုများဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးလင်းကျော်က “ရက်အတိအကျ ကြေငြာချက်က မထွက်သေးဘူးဆိုတော့ ဘယ်ချိန်လုပ်မလဲဆိုတာ အတိကျတော့ ပြောလို့မရသေးဘူး၊ လုပ်ဖို့အစီစဉ်ရှိတဲ့အတွက် မဲစာရင်းတို့၊ သင်တန်းပေးမဲ့ ကိစ္စတို့ ပြင်ဆင်နေပြီ”ဟုပြောသည်။

ချင်းပြည်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မတူပီမြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ကန်ပက်လက်မြို့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လစ်လပ်လျက်ရှိသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှုး ဆလိုင်းပီပီက “ရက်အတိ အကျ မသိရသေးတော့ ပါတီအနေနဲ့ ဘာမှဆွေးနွေးထားတာ မရှိသေးဘူး”ဟု ပြောသည်။

ချင်းတိုးတက်ရေးပါတီဥက္ကဌ ဦးနိုထန်ကပ်က “ တကယ်လို့ရွေးကောက်ပွဲ လုပ်ဖြစ်ရင်တော့ ချင်းတိုးတက်ရေးပါတီအနေနဲ့ မဟုတ်ပဲ ချင်းပါတီအနေနဲ့ပဲ ဝင်ပြိုင်သွားမယ်။ ချင်းပါတီ ပူးပေါင်းဖို့လည်း အစီအစဉ်ရှိနေတယ်ဆိုတော့လေ။ ပေါင်းလည်း ပေါင်းဖြစ်မှာပါ” ဟုပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင် ချင်းပါတီများအားလုံးရှုံးနိမ့်ခဲ့ပြီး အဲန်အယ်ဒီပါတီ အများစုအနိုင်ရခဲ့ကာ ကြံ့ခိုင်ရေးပါတီနှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီများလည်း အနိုင်ရခဲ့သည်။ ထို့နောက် ဒုသမ္မတဦးဟင်နရီဗန်ထီးယို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပခဲ့ရာ အဆိုပါမဲဆန္ဒနယ်တွင် အဲန်အယ်ဒီပါတီကသာထပ်မံအနိုင်ရခဲ့သည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...