ချင်းပါတီ ပူးပေါင်းရေးဆိုင်ရာ အစည်းအဝေးကို ၁၃ ရက်နေ့တွင် CLD ပါတီရုံး၌ စတင်ကျင်းပမည်

ချင်းပါတီ ပူးပေါင်းရေးဆိုင်ရာ အစည်းအဝေးကို ၁၃ ရက်နေ့တွင် CLD ပါတီရုံး၌ စတင်ကျင်းပမည်

ချင်းပါတီများ၏ ပူးပေါင်းရေးဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်နေ့တွင် ချင်းဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှုး ဦးအောင်လိန်းက ”ကျွန်တော်တို့ ချင်းပါတီအားလုံးကို ဖိတ်ထားတယ်။ အဓိကတော့ ဘယ်သူတွေပူးပေါင်းမလဲဆိုတာဆွေးနွေးမယ်။ မပူးပေါင်းနိုင်တဲ့သူက မဟာမိတ်အနေနဲ့ ရပ်တည်မလဲပေါ့။ ပေါင်းနိုင်တဲ့အဖွဲ့ကော်မတီနဲ့ မဟာမိတ်အနေနဲ့ရပ်တည်သွားမယ့်ကော်မတီတွေဖွဲ့မယ်။ ပူးပေါင်းမယ့် ပါတီကိုယ်စားလှယ်တွေက ဘယ်လိုပူးပေါင်းမလဲဆိုတာ ဆက်ဆွေးနွေးမယ်” ဟုပြောသည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် ပါတီညီလာခံထုတ်ပြန်ချက်တွင် ချင်းပါတီများပူး ပေါင်းရေးနှင့် ပတ်သက်ပြီး ခြောက်လအတွင်း အပြီးသတ်ဆွေးနွေးသွားရန် ဟုပါရှိခဲ့သည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ချင်းတိုးတက်ရေးပါတီတို့ အနေဖြင့် ပူးပေါင်းရန်အသင့်ဖြစ်သော်လည်း ချင်းအမည်သုံးပါတီအားလုံး ပူးပေါင်းနိုင်ရေးအတွက် ရှေးရှုလျက် ချင်းဒီမိုကရေစီအဖွဲ့ချုပ် ၏ပါတီညီလာခံကို စောင့်ဆိုင်းမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပါတီများအနေဖြင့် ချင်းပြည်နယ်နှင့် ချင်းပြည်နယ်ပြင်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်ရခဲ့ခြင်းမရှိပေ။ ရွေးကောက်ပွဲမတိုင်မီတွင် ချင်းပါတီများအနေဖြင့် မဲဆန္ဒနယ်ခွဲဝေရေးကိစ္စများဆွေးနွေးခဲ့သော်လည်း လက်တွေ့တွင် မည်သည့်ပါတီကမှ ဆွေးနွေးထားခဲ့သည့်အတိုင်း အကောင်အထည်ဖော်မှုမရှိခဲ့ကြောင်းသိရသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...