ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကလေးတက္ကသိုလ်၌ တက်ရောက်ပြီးစီးသူများအနေဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများယူရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကလေးတက္ကသိုလ် ဒသနိကဌာန လက်ထောက်ကထိက ဆရာဗန်နွန်ဟမ်က “ဧကာဒသမအကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

လျှောက်လွှာကိုဒီဇင်ဘာလ ၂၈ ရက်နေ့(ကြာသပတေးနေ့) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကလေးတက္ကသိုလ် သင်တန်းရေးရာဌာန၌ ထုတ်ယူရမည်ဖြစ်သည်။

လျှောက်လွှာလျှောက်ထားရာတွင် ခြောက်လအတွင်းရိုက်ကူးထားသည့် (မြန်မာ/တိုင်းရင်းသား/အနောက်တိုင်း) ၀တ်စုံများမှ ကြိုက်နှစ်သက်ရာ ၀တ်စုံဖြင့်ပါတ်စပို့ပုံ (၃) ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ ပူးတွဲလျက်လျှောက်ထားရမည်ဖြစ်သည်။

၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မတိုင်မီ ဘွဲ့ရရှိခဲ့သူများသည် တက်ရောက်ဘွဲ့လျှောက်ထားရန်မလိုပဲ အဝေးရောက် ဘွဲ့သာ လျှောက်ထားရမည်ဖြစ်သည်။

ကလေးတက္ကသိုလ်တွင် ၀န်ထမ်းနှင့်ဆရာ/မပေါင်း ၃၀၀ ၀န်းကျင်နှင့် နှစ်စဉ် တက္ကသိုလ်တက်ရောက်သူ ၅ ထောင်ဝန်းကျင်ရှိသည်။

September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...