ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

ကလေးတက္ကသိုလ်ဘွဲ့လျှောက်လွှာများ ရယူနိုင်ပြီ

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကလေးတက္ကသိုလ်၌ တက်ရောက်ပြီးစီးသူများအနေဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများယူရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။

ကလေးတက္ကသိုလ် ဒသနိကဌာန လက်ထောက်ကထိက ဆရာဗန်နွန်ဟမ်က “ဧကာဒသမအကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

လျှောက်လွှာကိုဒီဇင်ဘာလ ၂၈ ရက်နေ့(ကြာသပတေးနေ့) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကလေးတက္ကသိုလ် သင်တန်းရေးရာဌာန၌ ထုတ်ယူရမည်ဖြစ်သည်။

လျှောက်လွှာလျှောက်ထားရာတွင် ခြောက်လအတွင်းရိုက်ကူးထားသည့် (မြန်မာ/တိုင်းရင်းသား/အနောက်တိုင်း) ၀တ်စုံများမှ ကြိုက်နှစ်သက်ရာ ၀တ်စုံဖြင့်ပါတ်စပို့ပုံ (၃) ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ ပူးတွဲလျက်လျှောက်ထားရမည်ဖြစ်သည်။

၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မတိုင်မီ ဘွဲ့ရရှိခဲ့သူများသည် တက်ရောက်ဘွဲ့လျှောက်ထားရန်မလိုပဲ အဝေးရောက် ဘွဲ့သာ လျှောက်ထားရမည်ဖြစ်သည်။

ကလေးတက္ကသိုလ်တွင် ၀န်ထမ်းနှင့်ဆရာ/မပေါင်း ၃၀၀ ၀န်းကျင်နှင့် နှစ်စဉ် တက္ကသိုလ်တက်ရောက်သူ ၅ ထောင်ဝန်းကျင်ရှိသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...