ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းဖိုရမ်သို့ ကယား(ကရင်နီ) CSOများ တက်ရောက်မည်မဟုတ်

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အရပ်ဖက် အဖွဲ့အစည်းဖိုရမ်သို့ ကယား(ကရင်နီ) CSOများ တက်ရောက်မည်မဟုတ်
by -
ထျိုးမြာ

နေပြည်တောင်တွင်ပြုလုပ်မည့် ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းဖိုရမ်သို့ ကယားပြည်နယ်ရှိ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်မည်မဟုတ်ကြောင်း Lain နည်းပညာအထောက်အကူပြုအဖွဲ့၏ ဒါရိုက်တာ ကိုကျော်ထင်အောင်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)မှ ချမှတ်ထားသော လုပ်ငန်းလမ်းညွန်များသည် ဗဟိုဦးစီးမှုစနစ်များလွန်းသည့်အပြင် သတ်မှတ်ထားသော ဆွေးနွေးမည့် ခေါင်းစဉ် ၃ ခုသည်လည်း လက်ရှိကာလအနေနှင့် အဆင်မပြေသောကြောင်း ၎င်းက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ်ရှိ အရက်ဖက်အဖွွဲ့အစည်း များအနေဖြင့် ပထမအကြိမ် CSOs ဖိုရမ်တွင် မတက်ရောက်ခဲ့သည့်အပြင် ယခုအကြိမ်တွင် လည်း တက်ရောက်မည်မဟုတ်ပေ။

ဗဟိုဦးစီးသည့် လုပ်ငန်းလမ်းညွှန်းများကို ပြင်ဆင်ပေးရမည့်အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆွေးနွေးနေသည့် ခေါင်းစဉ်အားလုံးကို ဆွေးနွေးခွင့်ပြုနိုင်သည့် အခင်းအကျင်းတစ်ရပ်ဖြစ်လာမှသာ ကယား(ကရင်နီ)ပြည်နယ်ရှိ CS0sများအနေနှင့် တက်ရောက်မည်ဟု ဆိုသည်။

“တစ်ကယ့်ဆွေးနွေးသင့်တဲ့ ခေါင်းစဉ်တွင်အားလုံးကိုဆွေးနွေးခွင့် ပြုပြီးတော့မှ သက်ဆိုင်ရာပွဲနဲ့ လိုက်လျော်ညီထွေသောအခြေနေတစ်ခုကျယ်ကျယ်ပြန့်ပြန့် လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိမှသာလျှင် ကျတော်တို့ကတော့ ပါဝင်တက်ရောက်နိုင်မယ် အခင်းအကျဉ်းရှိတယ်’’ဟု ကိုကျော်ထင်အောင်က ပြောပါသည်။

ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ CSOs အကြိုဖိုရမ်ကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ရန်ပြင်ဆင်ထားသော်လည်း ဘတ်ဂျက်ကိစ္စ နောက်ကျသောကြောင့် ရက်အတိအကျမသိရသေးကြောင်း မန္တလေးတိုင်းဒေသကြီ၏ နိုင်ငံလုံးဆိုင်ရာ CSOs ဖိုရမ်၏ ပြောရင်းဆိုခွင့်ရှိသူ ကိုစိုးဌေးက ပြောသည်။

“ဘတ်ဂျက်နဲ့ ပတ်သက်ပြီးတော့ အဆင်ပြေသွားရင် ဒီလအတွင်းမှာပဲ လုပ်ဖို့ရှိတယ်ပေါ့’’ဟု သူကပြောပါသည်။ အကြိုဖိုရမ်ပြီးလျှင် ရက်ပိုင်းလောက်သာခြားပြီး နေပြည်တော်တွင် ဖိုရမ်ကြီး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အားလုံးပါဝင်ပြီး လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်နေသော ပြည်သူလူထုအသံများကိုဖော်ပြနိုင်သည့် အခင်းကျဉ်းမရှိသည့်အပြင် အရပ်ဖက်အဖွဲ့အစည်းများ၏ ဆွေးနွေးချက်များကို ခိုင်မာသည့်လမ်းကြောင်းကို မဖန်းတီးပေးနိုင်သေးသောကြောင့် ကယား(ကရင်နီ)ပြည်မှ အရပ်ဖက်အဖွဲ့အစည်းများက ဆက်လက်တိုက်တွန်းတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...