ဒီးမော့ဆိုက သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ် မီးရှို့

ဒီးမော့ဆိုက သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ် မီးရှို့
Sha Dow ( Facebook)
Sha Dow ( Facebook)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ ၁၃ ရက်နေ့မှာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဘာသာရေး အဆောက်အဦကျောင်းဝန်းထဲကို ပြီးခဲ့တဲ့ နှစ်ကလည်း တစ်ကြိမ် မီးရှို့ခဲ့ဖူးတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။

“၂၆ရက် ၉လပိုင်း ၂၀၂၅မှာ အခုလောင်နေတဲ့အဆောင် ညာဖက် တလုံးရှို့တယ်။ ပြာတော့အကုန်မဖြစ်ပေမယ့် ၁၃ရက်နေ့ ၊ ၅ လပိုင်း၊ ၂၀၂၆ မနက် ၈ နာရီခန့် မှာတော့ တွေ့တဲ့အတိုင်းပေါ့ဗျာ။”လို့ ပြောဆိုထားပါတယ်။

အခုလို ဘာသာရေးအဆောက်အအုံကို စစ်ကော်မရှင်တပ်က တမင် မီးရှို့ဖျက်ဆီးတဲ့အပေါ် ‌ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အရမ်းနှမြောမိတယ်။ ဝမ်းလည်းဝမ်းနည်းတယ်။ စိတ်လည်းမကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်မမွေးခင်ကတည်းက အဲ့ အဆောက်အဦတွေကရှိခဲ့တာလေ။ တမင်တကာမီးရှို့တာတော့ လုံးဝမလုပ်သင့်ဘူးပေါ့။ အခုလိုဘာသာရေးအဆောက်အဦတွေကိုပဲ တမင် လိုက်ပြီး ဖျက်ဆီးနေတာက ပြည်သူတယောက်အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးပေါ့။”လို့ ဒေသခံ အမျိုးသမီးတစ်ဦးကဆိုပါတယ်။

စစ်ကော်မရှင်တပ်က ဒေါငံခါးရွာဝန်းကျင်မှာ တပ်စွဲထားတာ ၉လ ဝန်းကျင်ရှိနေပြီး မြေပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတာပါ။

စစ်ကော်မရှင်တပ် မီးရှို့ခဲ့တဲ့ သီလရှင်ကျောင်းတည်ရှိတာ နှစ်ပေါင်း ၆၀ ကျော်ရှိပြီလို့လည်း သိရပါတယ်။ 

စစ်တပ် အာဏာစသိမ်းချိန်ကနေ ယခုနှစ် ဧပြီလကုန်အထိ ကရင်နီပြည်နယ်နဲ့ ကယန်းဒေသမှာ စစ်ပဋိပက္ခကြောင့် ဘာသာရေးအဆောက်အအုံပေါင်း (၆၇)လုံး ပျက်စီးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ပြုစုထားတဲ့ စာရင်းအရ သိရပါတယ်။

September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...
KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...