မော်ချီးတွင် ကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား

မော်ချီးတွင် ကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
by -
လင်းသန့်

မော်ချီးကျေးရွာအုပ်စုအနာဂတ်အလင်းတန်းရွာကျေးရွာတွင် မူလတန်းကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက်နေ့က အလက(ခွဲ) လယ်ပွာခိုမူလတန်ပြ ဆရာမဖြစ်သူ ဒေါ်ရို့ထူးသည် အနာဂတ်အလင်းတန်းကျေးရွာရှိ ကျောင်းဆရာမများ နေရာချထားပေးသော အိမ်တွင် တစ်ဦးတည်း အိပ်စက်ရာ ည ၉း၃၀ အချိန်က လူတစ်ယောက် ခြင်ထောင်ထဲရောက်ရှိလာရာ ဆရာမမှ လန့်နိုးခဲ့ကြောင်း သိရသည်။

ရဲမှတ်တမ်းအရ နေအိမ်ရှိ အိပ်ရာအထိ ကျူးကျော်ဝင်ရောက်သူဖြစ်သော ဝေလင်းထွန်း (၂၉ နှစ်) (ဘ)ဦးရွှေမန်းက ဆရာမအား တက်ခွခဲ့ပြီ အော်ဟစ်ခြင်းမပြုရန် ခြိမ်းခြောက်ခဲ့ပြီး ဆရာမ၏ ပါးစပ်ကိုလည်း အတင်းပိတ်ဆို့ထားခဲ့သည်။

ထိုသို့ ပြုလုပ်စဉ် ဆရာမဒေါ်ရို့ထူးမှ အတင်းရုန်းကန်ထကာ ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခဲ့သည်။

ဆရာမ၏ အလန့်တကြားအော်ဟစ်သံကို အနီးရှိ နေအိမ်မှ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ဆရာမ ဒေါ်ဇင်ဇာဇာထူးနှင့် ရာအိမ်မှူး ဦးသီဟအောင်တို့က အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်သို့ သွားရောက်ခဲ့သည်။

“ကျနော် တီဗီကြည့်နေတုန်း ဆရာမအိမ်ဖက်က အော်သံကြားလို့ အပြင်ထွက်ပြီး လှမ်းကြည့်လိုက်တော့ ပန်ကန်ဆေးတဲ့ ပြတင်းပေါက်က ဖွင့်နေတယ်။ ကျနော် ဆရာမအိမ်ကို အပြေးသွားလိုက်တယ်။ အဲ့ဒီပြတင်းပေါက်ကနေ ကျနော်ဝင်ရတယ်။ အထဲမှာရောက်တော့ အဲ့ကောင်က ဆရာမကို အတင်းချုပ်ထားတယ်။ ကျနော်လည်း အော်ပြီး ဝင်လုံးလိုက်တာ သူ့လက်ထဲကနေ ဆရာမလွှတ်သွားတယ်။ မီးကို သေချာဖွင့်ကြည့်လိုက်တော့ လက်ထဲမှာလည်း ဓါးတစ်ချောင်း ကိုင်ထားသေးတယ်။”ဟု မော်ချီးကျေးရွာအုပ်စု အနာဂတ်အလင်းတန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသီဟအောင်က ကန္တာရဝတီတိုင်း(မ်)သို့ အတည်ပြုသည်။

ကျူးလွန်သူ ဝေလင်းထွန်း ကိုင်ဆောင်လာသော အရိုး-အသွား ၆ လက်မရှိ လက်လုပ် ဓါးတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး မော်ချီးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်ခိုင်က တရားလို ပြုလုပ်ကာ (ပ) ၅/၂၀၁၇ ရာဇသတ်ပုဒ်မ ၄၅၈/၃၇၆/၅၁၁ တို့ဖြစ် အမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

ကျူးလွန်သူ ဝေလင်းထွန်းသည် အနာဂတ်အလင်းတန်းကျေးရွာအနီးတွင် Great Summit Industry ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသော မော်ချီးနယ်မြေမီးသတ်စခန်း အဆောက်အဦး ဆောက်လုပ်ရန် အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...