အဓမ္မပြုကျင့်ရန် ကြံစည်မှုခံခဲ့ရသော ကျောင်းဆရာမ အခြားနေရာသို့ တာဝန်ရွှေ့ပြောင်းပေးရန် လိုလားနေ

အဓမ္မပြုကျင့်ရန် ကြံစည်မှုခံခဲ့ရသော ကျောင်းဆရာမ အခြားနေရာသို့ တာဝန်ရွှေ့ပြောင်းပေးရန် လိုလားနေ
by -
လင်းသန့်

မော်ချီးကျေးရွာအုပ်စုအနာဂတ်အလင်းတန်းရွာကျေးရွာတွင် မူလတန်းကျောင်းဆရာမတစ်ဦးကို ရွေ့ပြောင်းအလုပ်သမားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာနေရပြီး ၎င်းနေရာသို့ တာဝန်ထမ်းဆောင်ရန် စိတ်ဆန္ဒ မရှိတော့ဘဲ အခြားနေရာသို့ ပြောင်းရွှေ့တာဝန်ပေးရန် လိုလာသည်ဟု ကာယကံရှင် ဒေါ်ရို့ထူးက ပြောသည်။

နိုဝင်ဘာ ၉ ရက်နေ့က အလက(ခွဲ) လယ်ပွာခိုမူလတန်ပြ ဆရာမဖြစ်သူ ဒေါ်ရို့ထူးသည် အနာဂတ်အလင်းတန်းကျေးရွာရှိ ကျောင်းဆရာမများနေထိုင်သော အိမ်တွင် တစ်ဦးတည်း အိပ်စက်နေစဉ် ဝေလင်းထွန်းက နေအိမ်ရှိ အိပ်ရာအထိ ကျူးကျော်ဝင်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။

“ကျမအရမ်း ထိခိုက်ခံစားရတယ်။ ဒါတောင်ဒီလောက်အထိပဲ ဖြစ်သွားလို့သာ တော်သေးတယ်။ ဒီနေရာမှာ မနေချင်တော့ဘူး။ ကျမ နွေးထွေးမှုလိုအပ်တယ်။ ဖြစ်နိုင်ရင် တောင်ငူမှာရှိတဲ့ အမေ့ဆီကိုပဲ ပြန်ပြောင်းနေချင်ပါတယ်။”ဟု ဒေါ်ရို့ထူးက ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

မူလတန်းပြဆရာမအဖြစ် လုပ်သက် ၄ နှစ် ရှိနေပြီဖြစ်ရာ အဆိုပါ ကျောင်၌သာ ရာထူးတိုးလျှောက်ရန် မူလက စီစဉ်ခဲ့သော်လည်း နိုဝင်ဘာ ၉ ရက်နေ့က ကြုံတွေ့ခဲ့ရသော စိတ်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်များကြောင့် ၎င်းနေရာတွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်တော့ကြောင့် ဆရာမ ရို့ထူးက ပြောသည်။

ကြံစည် ကျူးလွန်သူ ဝေလင်းထွန်း ကိုင်ဆောင်လာသော အရိုး-အသွား ၆ လက်မရှိ လက်လုပ် ဓါးတစ်ချောင်းကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီး မော်ချီးနယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်ခိုင်က တရားလို ပြုလုပ်ကာ (ပ) ၅/၂၀၁၇ ရာဇသတ်ပုဒ်မ ၄၅၈/၃၇၆/၅၁၁ တို့ဖြစ် အမှုဖွင့်လှစ် အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိသည်။

ကျူးလွန်သူ ဝေလင်းထွန်းသည် အနာဂတ်အလင်းတန်းကျေးရွာအနီးတွင် Great Summit Industry ကုမ္ပဏီလီမိတက်မှ တာဝန်ယူ တည်ဆောက်နေသော မော်ချီးနယ်မြေမီးသတ်စခန်း အဆောက်အဦးကို ဆောက်လုပ်ရန် အလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...