ငွေတောင်ဆည်ရေဖြင့် ငွေတောင်အုပ်စုကို ရေပေးဝေမည်

ငွေတောင်ဆည်ရေဖြင့် ငွေတောင်အုပ်စုကို ရေပေးဝေမည်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၏ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ကျေးရွာများသို့ ဆည်ရေဖြင့် သောက်သုံးရေပေးဝေမည်ဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို ဆည်ရေဖြင့် မတ်လကုန်တွင် ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မတ်လကုန်ခါနီးလောက်ကျရင် အကုန်အပြီးအစီးပဲ ရေမီတာစနစ်နဲ့သွားမယ်၊ ဒီရေကိုလိုချင်တဲ့သူတွေ ရချင်ရင် ရေမီတာလျှောက်ရမယ်၊ အဲ့တော့ ရေမီတာဖိုးတွေ ကျခံရမယ်။ မိန်းပိုက်တွေပဲ ကျခံမယ်၊ ကျန်တဲ့ဟာတွေက ကိုယ့်အိမ်တိုင်က ကိုယ်ကျခံရပါမယ်” ဟု ပြည်နယ်အစိုးရရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းက ပြောသည်။

စည်ပင်သာယာရေးဌာနမှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ဂါလံ(၂၅၀၀၀)ဆံ့ ရေစုကန်တစ်လုံး၊ 50 HP Motor and Pump တစ်စုံ တပ်ဆင်ခြင်း၊ 200KVA transformer တစ်စုံတပ်ဆင်ခြင်းနှင့် မီးလိုင်းသွယ်တန်းခြင်း၊ ၆”၀, ၄”၀, ၃”၀, ၂”၀ ရေပိုက်လိုင်းသွယ်တန်ခြင်း လုပ်ငန်းတို့အတွက် ခွင့်ပြုငွေ သိန်း ၃ထောင်နီးပါး(ကျပ်သန်းပေါင်း ၂၉၈.၆၀၆) ကုန်ကျခံမည်ဖြစ်ကြောင်း သိရသည်။

ယခုဆောက်လုပ်ရေးလုပ်ငန်းအား ဧရာမြတ်ပြည် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပါသည်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...