မွန်အရပ်ဘက်အဖွဲ့အစည်းများ ၂၁ ရာစုပင်လုံအတွက် ကြိုတင်ပြင်ဆင်

မွန်အရပ်ဘက်အဖွဲ့အစည်းများ ၂၁ ရာစုပင်လုံအတွက် ကြိုတင်ပြင်ဆင်
by -
သံလွင်တိုင်းမ်
၂၁ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံသို့ တင်ပြနိုင်ရန် မွန်ဒေသတစ်နံတစ်လျားရှိ မွန်အရပ်ဘက် အဖွဲ့အစည်းများ စုစည်းပြီး အောက်ခြေလူထုသဘောထားရယူရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တွေ့ဆုံပွဲတစ်ရပ်ကို လာမည့်ဇူလိုင်လ ၂ရက်နှင့် ၃ရက်နေ့များ၌ မော်လမြိုင်မြို့တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“နိုင်ငံရေးအခန်းကဏ္ဍနှင့်ဆက်စပ်၍ အားလုံးပူးပေါင်းပါဝင်နိုင်သော မွန်ပြည်သူလူထုအသံ ဖော်ထုတ်ဖို့ရယ်၊ ဖော်ထုတ်ရယူထားတဲ့ အသံများ၊ လူထု၏သဘောထားများကို ပြည်ထောင်စုအဆင့် ညီလာခံမှာရော၊ အခြားအဆင့်ဆင့်သော ညီလာခံမှာပါတင်ပြဆွေးနွေးသွားနိုင်ရန်အတွက် မွန်အမျိုးသားကိုယ်စားပြု အဖွဲ ့အစည်းများ၊ ကိုယ်စားလှယ်များသို ့မျှဝေပေးသွာပါမယ်။ နောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် သစ် တည်ဆောက်ရာမှာ တိုင်းရင်းသားများအားလုံး တန်းတူညီမျှတဲ့အခြေခံအမြင်နဲ့ ရပ်တည်ချက်များ ညှိနိုင်းဆွေးနွေးနိုင်ရန်အတွက်” ဤပွဲကိုစီစဉ်ရတာပါဟု ကျင်းပရေးကော်မတီဝင် မိချယ်ရီစိုးက သံလွင်တိုင်းမ် သတင်းဌာနကိုပြောကြားသည်။

ယင်းတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီတို့လည်း မိမိတို့ပါတီ၏ ၂၁ ရာစုပင်လုံအပေါ်သဘောထားနှင့်ဖက်ဒရယ်မူအပေါ်ရပ်တည်ချက်များကို လာရောက် မျှဝေမည်ဟုလည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ ့ပြောပါသည်။

ယင်းဆွေးနွေးပွဲတွင် မွန်လူမှုအဖွဲ့အစည်းများ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက် မွန်အမျိုးသားအခြေပြု နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးတင်ပြနိုင်ရန် လိုအပ်သည့်အစီအမံများနှင့်အတွေးအမြင်များကို မျှဝေတင်ပြနိုင်ရန်၊ကျင်းပပြီးခဲ့ပြီးဖြစ်သည့့်အရပ်ဘက်အဖွဲ့အစည်းအသီးသီးတို့၏ဖိုရမ်များမှ တွေ့ရှိချက်များကို၎င်း၊ လူငယ်ဖိုရမ်များမှ၎င်း၊ အမျိုးသမီးဖိုရမ်မှ၎င်း၊ မြေယာကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ သယံဇာတ ခွဲဝေရေးနှင့် အကြီးစားရင်နှီးမြှပ်နှံမှုကဏ္ဍ၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး၊ လူငယ်၊ အမျိုးသမီးစသည့်ကဏ္ဍများပါ ယင်းတွေ့ဆုံပွဲတွင် ထည့်သွင်းဆွေးနွေးသွားမည်ဟု ကျင်းပရေးကော်မတီထံမှသိရသည်။

တွေ ့ဆုံပွဲကို မွန်လူမှုအဖွဲ့အစည်းပေါင်း ၁၂၀ ခန့်နှင့် မွန်နိုင်ငံရေးပါတီများ မွန်ဝန်ကြီးနှင့်မွန်လွှတ်တော်ကိုယ်စား လှယ်များကိုလည်း တက်ရောက်ဆွေးနွေးနိုင်ရန်ဖိတ်ခေါ်ထားကြောင်းသိရသည်။

Most read this week

ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...