ရခိုင်ဒေသတွင် သဘာဝဓါတ်ငွေ့သုံးစွဲမှုများပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်

ရခိုင်ဒေသတွင် သဘာဝဓါတ်ငွေ့သုံးစွဲမှုများပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရသို့ တင်ပြသွားမည်
by -
မဇ္စျိမ
Woodside ကုမ္ပဏီနှင့် ရခိုင် ဒေသခံ ရေလုပ်ငန်းရှင်များကြား ဆွေးနွေးမှုပြုစဉ် (ဓာတ်ပုံ - ကျော်မင်း/စစ်တွေ)
Woodside ကုမ္ပဏီနှင့် ရခိုင် ဒေသခံ ရေလုပ်ငန်းရှင်များကြား ဆွေးနွေးမှုပြုစဉ် (ဓာတ်ပုံ - ကျော်မင်း/စစ်တွေ)
ရခိုင်ဒေသတွင်းရှိ စက်ရုံအလုပ်ရုံများနှင့် ပြည်သူများကြားတွင် လောင်စာအဖြစ် သဘာဝဓါတ်ငွေ့ အသုံးပြုနိုင်ပြီး စွမ်းအင်အဖြစ် အသုံးပြုုနိုင်ခြေရှိပါက လိုအပ်သည့် ဓါတ်ငွေ့ပမာဏာများအား ဒေသတွင်းသုံးစွဲနိုင်ရန် ပြည်တွင်းလောင်စာအဖြစ် ထုတ်လုပ်သွား မည် ဖြစ်သည်။

 “ကျွန်တော်တို့က ပြည်တွင်းသုံးကိုပိုပြီးအားသန်ပါတယ်၊ ဒေသတွင်းမှာသာ ဓါတ်အားသုံးစက်တွေရှိပြီး သုံးစွဲနိုင်ခြေရှိရင် လိုအပ်တဲ့ ဓါတ်ငွေ့ပမာဏာကို ပြည်ထောင်စုအစိုးရကို တင်ပြသွားမှာပါ” ဟု မြန်မာရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းဌာနခွဲ ကမ်းလွန်ရေနံဌာနမှ ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်ဇေယျက မဇ္စျိမကို ပြောသည်။

အဆိုပါပြောကြားမှုကို ရခိုင်ကမ်းလွန်ရေနံလုပ်ကွက် အမှတ် အေဒီ(၇)  အား ဓါတ်ငွေ့စမ်းသပ်တူဖော်မည့် ကိစ္စနှင့် ပါတ်သက်ပြီး ပြည်နယ်ရေလုပ်ငန်းနှင့် ငါးလုပ်ငန်းဦးစီးဌာနတွင် woodside ကုမ္ပဏီနှင့် ဒေသခံ ရေလုပ်ငန်းရှင်များကြား ယနေ့ ဇွန်လ ၈ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေနေတွင် ရခိုင်ဒေသတွင် သဘာဓါတ်ငွေ့စီမံကိန်းများရှိနေသော်လည်း ဒေသခံများ အနေဖြင့် သဘာဝဓါတ်ငွေ့အား သုံးစွဲခွင့်မရဘဲ စီမံကိန်းဘေးထွက်ဆိုးကျိုးများကိုသာ ခံစားနေရကြောင်း စစ်တွေအခြေစိုက် ငါးခြောက်လုပ်ငန်းရှင်များအသင်းမှ ဦးစံရှားမောင်က ပြောသည်။

“စီမံကိန်းရှိတဲ့ နေရာတွေမှာ သဘာဝဓါတ်ငွေ့ စီမံကိန်းကြောင့်ဖြစ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေကိုသာ ပြည်သူတွေ ရရှိနေကြပါတယ်”

ရခိုင်ပြည်နယ်တွင် ဒေသတွင်းလောင်စာသုံးစွဲမှုအဖြစ် ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်း ထုတ်ပြန်ချက်အရ သဘာဝဓါတ်ငွေ့ သုံးစွဲမှု ၀.၁ % ရာခိုင်နူန်းသာ ရှိကြောင်း သိရှိရသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...