မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် လူငယ်များ ပါ၀င်ခွင့် ရရှိရေး တကိုယ်တော်ဆန္ဒဖော်ထုတ်

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် လူငယ်များ ပါ၀င်ခွင့် ရရှိရေး တကိုယ်တော်ဆန္ဒဖော်ထုတ်
by -
မဇ္စျိမ
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွင် လူငယ်များ ပါ၀င်ခွင့်ရရှိရေး တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သူ ကိုမင်းသိန်းဇံ (ဓာတ်ပုံ - ကျော်မင်း/စစ်တွေ)
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွင် လူငယ်များ ပါ၀င်ခွင့်ရရှိရေး တကိုယ်တော်ဆန္ဒဖော်ထုတ်ခဲ့သူ ကိုမင်းသိန်းဇံ (ဓာတ်ပုံ - ကျော်မင်း/စစ်တွေ)
မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွင် လူငယ်များ ပါဝင်ခွင့်ရရှိရေး၊ လူငယ်များ၏ အခန်းကဏ္ဍမြင့်မားလာစေရေး၊ လူငယ်များ ဘဝလုံခြံုမှုရှိရေးစသည့် အချက်များကို အစိုးရမှ ဆောင်ရွက်ပေးနိုင်ရေး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ဇွန် ရ ရက် နံနက် ၉ နာရီခန့်က ပြုလုပ်ခဲ့သည်။

“ကျွန်တော်ဒီနေ့ ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူငယ်တွေအတွက်ကို အဓိကရည်ရွယ်ပြီးတောင်းဆိုမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အတွက်   နိုင်ငံရေးအပြောင်းအလဲမှာ လူငယ်တွေကို ဦးစားပေးပြီးတော့ ပါဝင်ခွင့်တွေပေးဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။” ဟု ဆန္ဒထုတ်ဖော် သူ ကိုမင်းသိန်းဇံက မဇ္စျိမကို ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင် လူငယ်ဆိုင်ရာမူဝါဒ တစ်ခုချမှတ်ပေးရေး၊ ပြည်ထောင်စုလူငယ်ညီလာခံခေါ်ယူကျင်းပရေး၊ ပြည်ပ ရောက်မြန်မာလူငယ်များ၏ ဘဝအနာဂတ်လုံခြံုစိတ်ချမှုရှိစေရေး၊   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပေးရေး၊ ဒုတိယပင်လုံညီလာခံတွင် လူငယ်များပါဝင်ခွင့်ရရှိရေး၊ တိုက်ပွဲများဖြစ်ပွားနေသေနေရာများမှ လူငယ်များပညာသင်ကြားခွင့်ရရှိနေရးစသည့် အချက်ခြောက်ချက်ကို တောင်းဆိုခဲ့ကြောင်းသိရသည်။

“ကျွန်တော်ဒီတောင်းဆိုမှုကို လုပ်ရတာဟာ ကျွန်တော်တို့ လူငယ်တွေအတွက် အဓိကလိုအပ်တာတွေကို လုပ်ပေးနိုင်ဖို့၊ ပြောဆိုခွင့်ရရှိဖို့အတွက် ရည်ရွယ်ပါတယ်။ နောက်ပြီး  တော့လည်း   ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူငယ်တွေအရေး၊ ပြည်သူ့အရေး၊ စတာတွေကိုသူ့အနေနဲ့ လုပ်ပေးသွားမယ်။ ဦးစားပေးပြိးတော့ ဆောင်ရွက်သွားမယ် လို့ပြောထားတာတွေရှိပါတယ်။ NLD အစိုးရအနေနဲ့လည်း ဒါတွေကိုအကောင်အထည်ဖော်လာလိမ့်မယ်လို့လည်းယုံကြည်ပါတယ်။”ဟု ဆက်လက်ပြောကြားခဲ့သည်။

kyaw Min

ယခုအကြိမ်ဆန္ဒထုတ်ဖော်မှုသည် ရခိုင်ပြည်နယ်အတွင်း အစိုးရသစ်လက်ထက်တွင် စတုတ္ထအကြိမ်ဆန္ဒထုတ်ဖော်မှုဖြစ်ကာ ပထမဆုံးသော တစ်ကိုယ်တော် ဆန္ဒထုတ် ဖော်မှုဖြစ်ပြီး ယင်းဆန္ဒထုတ်ဖော်မှုမှာ တရားဝင်ခွင့်ပြုချက်ခြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...