ဆင်ဘေးမဲ့တောတစ်ခု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားတွင် ဖော်ဆောင်သွားမည်

ဆင်ဘေးမဲ့တောတစ်ခု မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြားတွင် ဖော်ဆောင်သွားမည်
by -
မဇ္စျိမ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုရှိ သစ်ဆွဲနေသည့် ဆင်တစ်ကောင်အား တွေ့ရစဉ်။ ဓာတ်ပုံု - မဇ္စျိမ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုရှိ သစ်ဆွဲနေသည့် ဆင်တစ်ကောင်အား တွေ့ရစဉ်။ ဓာတ်ပုံု - မဇ္စျိမ
ရခိုင်ဒေသအတွင်း ဆင်များကျက်စားရာ ဒေသတစ်ခုဖြစ်သည့် ဘူးသီတောင်၊မောင်တောရှိ မေယုတောင်တန်းတွင်  ဟိမဝန္တာ ဘက်မှ ဝင်ရောက်လာကြသည့် ဆင်များအား သတ်ဖြတ်မှုများမပြုကြစေရန် ဆင်ဘေးမဲ့တောတစ်ခု ဖြစ်ပေါ်လာစေရေး ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ ဆောင်ရွက်သွားမည်ဖြစ်သည်။

“ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မောင်တောဒေသက မြန်မာနိုင်ငံမှာ ဆင်ဖြူတွေထွက်တဲ့ ဒေသလည်းဖြစ်ပါတယ်။ ဆင်တွေကို သတ်ဖြတ်မှု အနေနဲ့ ခုချိန်ထိတရားဝင်တော့ မသိရှိသေးရဘူး။ ဆင်တွေရဲ့ အရေအတွက်တွေကို ပြန်ပြီးကောက်ခံနေပါတယ်” ဟု ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေး၊သတ္တုနှင့်သစ်တောဝန်ကြီး ဦးကျော်လွင်က မဇ္စျိမကို ပြောသည်။

အကောင်အထည်ဖော်ဆောင်ရွက်မှု အဖြစ် သစ်တောဦးစီးဌာန၊ မြေစာရင်းဌာနတို့နှင့်အတူ ကွင်းဆင်း ဆောင်ရွက်တိုင်းတာမှုများရှိပြီး ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ဦးကျော်လွင်၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ဘေးမဲ့တောများအဖြစ် ဆင်များအပါအဝင် အရှေ့တောင်အာရှ၏ ကမ္ဘာမျိုးသုဉ်းလုနီးပါး ရှားပါးငှက်များဖြစ်သည့် ရေညှောင့်နုတ်ဝိုင်း(ဒီဝိုင်း) ကျက်စားရာ ရသေ့တောင်မြို့နယ် အငူမော်အနီးက နံ့သာကျွန်းအား ဘေးမဲ့တောအုပ်အဖြစ်လည်း စီစဉ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

“ရသေ့တာင် နံသာကျွန်းဘက်မှာတွေရတဲ့ ငှက်မျိုးစိတ်တွေဆိုရင် ကမ္ဘာမှာ အရမ်းကို ရှားပါးတဲ့ ငှက်မျိုးစိတ်တွေမှာ ၊ အကောင်ရေ ၅၀၀ လောက်ရှိမယ် ခန့်မှန်းရပါတယ် “ ဟု ဦးကျော်လွင်က ပြောသည်။

လက်ရှိအခြေနေတွင် ဆင်ဘေးမဲ့တောအဖြစ် ရခိုင်ရိုးမတွင် တစ်ခုတည်းတည်ရှိပြီး  ဧက ဧရိယာ ၄၄၃၈၃၄ ရှိပြီး  နို့တိုက်သတ္တဝါ (၄၀)၊ကုန်းရေနေ တွားသွား သတ္တဝါမျိုးစိတ်(၆၀)၊ လိပ်ပြာမျိုး(၂၀)၊ရေချိငါး မျိုး (၄၀)၊အင်းဆက် ၁၂ မျိုး၊ ငှက် ၁၃၂ မျိုးကျက််စား လျက်ရှိကြောင်း ရခိုင်ပြည်နယ် သဘာဝပါတ်ဝန်းကျင်နှင့် သစ်တောဦးစီးဌာနရဲ့မှတ်တမ်းများအရ  သိရှိရသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...