NCA လက်မှတ်ရေးထုုိးပြီးသား လက်နက်ကိုင် အဖွဲ့များနှင့် မထုုိးရသေးသော အဖွဲ့များ ညီလာခံကျင်းပရန် UNFC ဆုံးဖြတ်

NCA လက်မှတ်ရေးထုုိးပြီးသား လက်နက်ကိုင် အဖွဲ့များနှင့် မထုုိးရသေးသော အဖွဲ့များ ညီလာခံကျင်းပရန် UNFC ဆုံးဖြတ်
by -
မဇ္စျိမ
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရပ်တည်ချက်တစ်ခုုတည်း ချမှတ်နုုိင်ရန်အတွက် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ အားလုံုးပါဝင်သည့် ညီလာခံ တစ်ရပ်ကျင်းပမည်ဟုု ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဗဟုုိအလုုပ်အမှုဆောင် ကော်မတီ တုုိးချဲ့အစည်းအဝေးမှ ဆုံုးဖြတ်ချက် ချ မှတ်ခဲ့သည်ဟုု သိရသည်။

၂၁ ရာစုု ပင်လုံု ညီလာခံ မကျင်းပမီ ယခင်အစုုိးရနှင် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့ (၈) ဖွဲ့နှင့် လက်မှတ် မထုုိးရသေးသော အဖွဲ့များ ပါဝင်သည့် ညီလာခံကျင်းပရန် ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 “တုုိင်းရင်းသား လက််နက်ကုုိင် အဖွဲ့အစည်းတွေ အားလုံုးပါဝင်တဲ့ အစည်းအဝေး လုုိမျိုးပုံုစံလုုပ်မယ်။ နောက် ပြီးတော့ အဲဒီမှာ ဘုံုသဘောထားတွေ၊ ကျနော်တိုု့ ရပ်တည်ချက်တွေချမှတ်မယ်။ ပြီးရင် အတူအကွ သွားနုုိင်မဲ့ အနေအထားတွေကုုိ ကျနော်တိုု့ လုုပ်မယ်”ဟုု UNFC ၏ တွဲဖက်အထွေထွေအတွင်းရေး မှူး (၁) ဦးထွန်းဇော် က ပြောသည်။

UNFC ကုုိယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထုုိးထားသော အဖွဲ့အစည်း ၈ ဖွဲ့တုုိ့ ဆက်လက် ညှိနှိုင်းဆွေး နွေးသွားမည်ဖြစ်ပြီး ညီလာခံကုုိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့ ထိန်းချုပ်နယ်မြေ မုုိင်ဂျာနယ်တွင် ကျင်းပရန် လျာထားသော်လည်း နေရာနှင့် အချိန်ကုုိ ဆက်လက် ညှိနှိုင်းသွားမည်ဟု ၎င်းက ပြောသည်။

“၂၁ ရာစုု ပင်လုံုညီလာခံ မတုုိင်ခင် ကျနော်တိုု့အဖွဲ့ ၈ ဖွဲ့နဲ့ တတ်နုုိင်သလောက်ညှိပြီးတော့မှ တုုိင်းရင်းသားတွေကြားမှာ တစ်သံထဲ ထွက်ဖိုု့ အတူအကွ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သွားနုုိင်ဖိုု့အတွက် ကျနော်တိုု့ သဘောထား ချမှတ်ကြပါတယ်”ဟုု ဦးထွန်းဇော်က ဆုုိသည်။

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF)၊ မြန်မာ အမျိုးသား ဒီမုုိကရေစီ မဟာမိတ် တပ်ဖွဲ့ (MNDAA) ခေါင်းဆောင်များနှင့် UNFC ခေါင်းဆောင်များ ထပ်မံ ညှိနှိုင်း ဆွေးနွေးကာ UNFC  အဖွဲ့ဝင်အဖြစ်မှ နုုတ်ထွက်၊ မထွက်ရေးနှင့် ပတ်သက်၍ လာမည့် သြဂုုတ်လ၌ ကျင်းပမည့် တပ်ပေါင်းစုု ညီလာခံတွင် ဆုံုးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

တုုိင်းရင်းသား လူမျိုးများ ရေးရာရာစင်တာ(ပြည်ထောင်စုု မြန်မာနုုိင်ငံ)-ENAC က ကမကထ ပြုလုုပ်၍ တစ်နှစ်ကျော်ကြာ ပြုစုုခဲ့သော ဖက်ဒရယ် ပြည်ထောင်စုု ဖွဲ့စည်းပုံု ဥပဒေအား ဆက်လက် ပြုစုုရေးဆွဲကာ ပြည်နယ် ဖွဲ့စည်းပုံု ဖြစ်ပေါ် လာရေးကုုိလည်း ထပ်မံ ကြိုးမ်းသွားမည်ဟုလည်း သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက်ပုုိင်းတွင် UNFC မှ နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းရေးကုုိယ်စားလှယ်အဖွဲ့ (DPN)သည် ပြည် ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုုပင်လုံု အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ကုုိယ်စားလှယ်များနှင့် တွေ့ဆုံုဆွေးနွေးခဲ့ပြီး ညနေပုုိင်းတွင် UNFC တပ်ပေါင်းစုု အစည်းအဝေး ကျင်းပကာ လုုိအပ်သော လုုပ်ငန်း ကိစ္စများကုုိ ဆက်လက် ဆောင်ရွက်သွားကြရန် နှစ်ဖက် သဘောထားရရှိခဲ့သည်ဟုု UNFC က ကြေငြာချက် ထုုတ်ပြန်ခဲ့သည်။

UNFC ကုုိ တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ(KNPP)၊ ရခုုိင်ပြည် အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမုုိကရက်တစ်ပါတီ(LDU)၊ ဝ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပလောင်ပြည် လွှတ်မြောက်ရေး တပ်ဦး(PSLF)တုုိ့မှ ကုုိယ်စားလှယ် ၂၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...