မြစ်ဆုံစီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး မပျက်လိုကြောင်း ကချင်ဝန်ကြီးချုပ်ပြော

မြစ်ဆုံစီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး မပျက်လိုကြောင်း ကချင်ဝန်ကြီးချုပ်ပြော
by -
မဇ္စျိမ
ရေရှည်ရပ်နားထားရသည့် မြစ်ဆုံစီမံကိန်းပြဿနာကို ဖြေရှင်းရေး မြန်မာနှင့် တရုတ်အစိုးရနှစ်ရပ်အနေဖြင့် အကောင်းဆုံးနည်းလမ်းရှာသင့်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်အောင် တိုက်တွန်းပြောခဲ့ကြောင်း People.com အွန်လိုင်းသတင်းတွင် ဖော်ပြသည်။

မြစ်ကြီးနားမြို့တော်တွင် တရုတ်သံအမတ်ကြီး Hong Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ်ဦးခက်အောင်က မြစ်ဆုံစီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပျက်စီးမည်ကို မလိုလားကြောင်း ပြောခဲ့သည်။

ပြည်သူများ၏ ဆန္ဒ၊ အစိုးရသစ်၏ ဆုံးဖြတ်ချက်နှင့်အညီ မြစ်ဆုံကိစ္စအရေးကို ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ဦးခက်အောင်က ပြောသည်။

အခြားတစ်ဖက်တွင် ကချင်ပြည်နယ်သည် တရုတ်-မြန်မာဆက်ဆံရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍက ပါ၀င်နေကြောင်း၊ တရုတ် ယူနန်ပြည်နယ်နှင့် ကချင်ပြည်နယ်သည် နယ်စပ်ချင်း ဧရိယာများစွာ ထိစပ်လျက်ရှိကြောင်း တရုတ်သံအမတ်ကြီး Hong Liang က ပြောသည်။

မြစ်ကြီးနားတွင် ရောက်ရှိနေသည့် အဆိုပါ တရုတ်သံအမတ်ကြီးအား မြစ်ဆုံဆည် လုံးဝရပ်ပေးရေး ဒေသခံ ၆၀ ခန့်က ဇွန် ၄ ရက် နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

သံအမတ်ကြီး တည်းခိုရာ Palm Spring ဟိုတယ်ရှေ့သို့ လာရောက် ဆန္ဒပြကြခြင်းဖြစ်သည်။
 
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နှင့် မြန်မာဖက်စပ်ရင်းနှီးမြုပ်နှံသည့် စီမံကိန်းကြီးတစ်ရပ်ဖြစ်ကာ ၂၀၀၉ ခုနှစ်က စီမံကိန်းစတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...