လွှတ်တော်တွင် မေးမည့် မေးခွန်းနှင့်အဆိုများ မီဒီယာကို ကြိုမပြောရန် လွှတ်တော်ရုံး စာထုတ်

လွှတ်တော်တွင် မေးမည့် မေးခွန်းနှင့်အဆိုများ မီဒီယာကို ကြိုမပြောရန် လွှတ်တော်ရုံး စာထုတ်
by -
မဇ္စျိမ
 နေပြည်တော်(ဇွန်လ ၃ရက်၊ ၂၀၁၆ခုနှစ်)။ ။ လွှတ်တော်တွင် မေးမြန်း၊ တင်သွင်းမည့် မေးခွန်းနှင့် အဆိုများအား မီဒီယာများထံ ဖြန့်ဝေခြင်း၊ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် ပြည်သူ့လွှတ်တော်ရုံးက လွှတ်တော်အမတ်များထံ ပန်ကြားလွှာတစ်စောင် ထုတ်လိုက်သည်။

မေလ ၃၀ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်အမတ်များထံ ဖြန့်ဝေလိုက်သော ပန်ကြားလွှာတွင် "လွှတ်တော်တွင် မေးမြန်းခြင်းမပြုရသေးသော မေးခွန်းများအား မီဒီယာများထံ ဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ထုတ်ဖော်ရေးသားခြင်းများ ရှောင်ကြဉ်ကြရန်" ဟု ရေးသားထားသည်။

အဆိုပါ ပန်ကြားလွှာနှင့် ပတ်သက်ပြီး မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက "မေးခွန်းတွေ အဆိုတွေနဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တွေကို ခေါ်ပြောတာ၊ ခေါ်ပြီး သတိပေးတာတွေ ကျွန်တော်တို့ ကြားနေ၊ သိနေရတယ်။ အခု စာထုတ်တဲ့အထိဖြစ်လာတော့ အရင်ထက်တောင် ကန့်သတ်လာတဲ့ ပုံစံမျိုး ဖြစ်နေတယ်" ဟု မဇ္ဈိမကို ပြောသည်။

လွှတ်တော်အမတ်များအနေဖြင့် လွှတ်တော်သို့ မေးခွန်းများ တင်သွင်းခြင်းမပြုမီ စနစ်တကျ စုံစမ်းစိစစ်ပြီးမှသာ လွှတ်တော်တင်ရန် လိုအပ်မည်ဟုလည်း အဆိုပါ ပန်ကြားလွှာတွင် ဖော်ပြထားသည်။

ထို့ပြင် လွှတ်တော်တင်မည့် အဆိုများနှင့် ပတ်သက်ပြီးလည်း ၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၅၇(စ)တွင် "ဥက္ကဋ္ဌက ခွင့်မပြုရသေးမီ မည်သည့်အဆိုကိုမျှ ထုတ်ပြန်ကြေငြာခြင်း မပြုရ" ဟု ပြဌာန်းထားကြောင်း၊ သို့သော်လည်း လိုက်နာမှုမရှိဘဲ ပြည်တွင်း၊ ပြည်ပ မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခြင်း၊ Facebook ကဲ့သို့ လူမှုကွန်ယက်များတွင် ရေးသားခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းခြင်းများ ပြုလုပ်လျက်ရှိနေသည်ဟုလည်း အမတ်များထံ ဖြန့်ဝေထားသည့် ပန်ကြားလွှာတွင် ပါရှိသည်။

"ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်မြို့နယ်၊ ပြည်နယ်အတွက်တင်မယ့် အဆိုတွေကို မီဒီယာမှာ နည်းနည်းပါးပါး ကြိုပြောတာမျိုးလောက်တော့ ရှိတာပေါ့ဗျာ။ ဒါကို နည်းဥပဒေအရ ခွင့်မပြုဘူးဆိုပြီး ပြည်သူတွေသိပိုင်ခွင့်ကို ကန့်သတ်တယ်ဆိုရင်တော့ အဲ့ဒီနည်းဥပဒေကို ပယ်ဖျက်သင့်ရင် ပယ်ဖျက်ရမှာပဲ" ဟု ဦးဖေသန်းက ဆိုသည်။

သာမန်နည်းလမ်းဖြင့် တင်သွင်းရန် မဖြစ်နိုင်မှသာ အရေးကြီးအဆိုအဖြစ် တင်သွင်းရန် နည်းဥပဒေတွင် ဖော်ပြထားသော်လည်း လွှတ်တော်အမတ်များအနေဖြင့် မလိုအပ်ဘဲ အရေးကြီးအဆိုအဖြစ် တင်သွင်းခြင်းများလည်း ဆောင်ရွက်နေသည်ဟု လွှတ်တော်အမတ်များထံ ဖြန့်ဝေထားသော ပန်ကြားလွှာတွင် ရေးသားထားသေးသည်။

"အရေးကြီးအဆို ဆိုတာ ဘယ်လိုအင်္ဂါရပ်နဲ့ ပြည့်စုံရမယ်ဆိုတာ ပါပြီးသားလေ။ အဲ့လို အင်္ဂါရပ်နဲ့ မပြည့်စုံဘဲနဲ့ အရေးကြီးအဆိုဆိုပြီး အတင်းတောင်းပြီးတင်တာတွေ ရှိနေတယ်လေ။ နောက်တစ်ခုက လွှတ်တော်မှာ ကိုယ်ပြောမယ့်အကြောင်းအရာကို မီဒီယာမှာကြိုပြောတာလည်း မလုပ်ရဘူးဆိုတဲ့အချက် နည်းဥပဒေမှာ ပါတယ်" ဟု မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...