အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံ

အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် RCSS ဥက္ကဋ္ဌ တွေ့ဆုံ
by -
မဇ္စျိမ
ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်တို့ ဇွန်လ ၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA) လက်မှတ်ရေးထိုးထားသော RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ် အပါအဝင် ကိုယ်စားလှယ် ၄ ဦးနှင့် အစိုးရ ကိုယ်စားလှယ်များဘက်မှ ဒေါက်တာတင်မျိုးဝင်း နှင့် ကိုယ်စားလှယ် ၅ ဦးတို့ ညနေ ၅ နာရီကျော်ချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“၂၁ ရာစုပင်လုံပဲ ဖြစ်ဖြစ်၊ လာမယ့်နိုင်ငံရေးအခင်းအကျင်းမှာ ရေးဆွဲမယ့် နိုင်ငံရေးမူဘောင် ကဏ္ဍတွေမှာ လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေ ပါနိုင်အောင် ကျနော်တို့ ဘယ်လို ကူညီနိုင်မယ်။ ဘယ်လို လုပ်ဆောင်နိုင်ကြ မလဲဆိုတောပေါ့လေ။ ကျနော်တို့ လက်မှတ်ထိုးတဲ့အဖွဲ့တွေ သဘောထား ဘယ်လို ရှိသလဲဆိုတာကို တီးခေါက်လိုတဲ့ သဘောပေါ့နော်”ဟု RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိ သူ ဒု ဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

RCSS/SSA ဘက်မှ NCA အကောင်အထည်ဖော်မှုဆုင်ရာ ညှိနှိုင်း အစည်းအဝေး(JICM)နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အခန်းကဏ္ဍများ ပျောက်သွားသလို ဖြစ်နေမှုအပေါ် စိုးရိမ်ကြောင်း အစိုးရ ကိုယ်စားလှယ်များထံသို့ ဆွေးနွေးတင်ပြခဲ့သည်။ JICM ၏ စည်းမျဉ်းအရ ၃ လတစ်ကြိမ် အစည်းအဝေး ကျင်းပရမည် ဖြစ်ပြီး ၎င်း၏ အခန်းကဏ္ဍပျောက်နေသည်ဟု တင်ပြခဲ့ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“အန်စီအေ သဘောသဘာဝက အထက်မှာ JICM ဆိုတဲ့ အစည်းအဝေးရှိတယ်။ ဒီအောက်မှာက UPDJC နဲ့ JMC ဆိုတဲ့ စစ်ရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲ အပိုင်းဆိုပြီးတော့ ခွဲထားတာ ရှိတာပေါ့။ အဲဒီ အပေါ်မှာ JICM Rule မှာ ပျောက်နေ သလားဆိုတဲ့ ပုံစံမျိုး ကျနော်တို့လည်း စိုးရိမ်လို့ ပြန်ပြီးတော့ ဆွေးနွေးခြင်း ဖြစ်ပါတယ်။ သူတို့ အနေနဲ့ကလည်း မပျောက်ပါဘူး။ အန်စီအေ နည်းအတိုင်းဘဲ သွားနေတာ ဖြစ်ပါတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်မိဏ်းက ပြောသည်။

လက်ရှိ အစိုးရ ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ အနေဖြင့် ငြိမ်းချမ်းရေးဖာ်ဆောင်မှုတွင် စတင်လုပ်ဆောင်နေသဖြင့် တစ်ချို့ကဏ္ဍများ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသော်လည်း ပျောက်ပျက်မည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်ဟု သူက ပြောသည်။

ယင်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီသည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Shangri-la ဟိုတယ်တွင် ဇွန်လ ၃ ရက် ၁၀ နာရီမှ ၁၂ နာရီထိ နှစ်နာရီကြာ တွေ့ဆုံဆွးနွေးနေပြီ။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...