ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွ့ံဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည်

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွ့ံဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မည်
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်မှုရှိရေးနှင့် ပြည်နယ်ဖွံ့ဖြိုးရေးတို့ကို ဖော်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အကျပ်အတည်းဖြစ်ရသည့် ပြီးခဲ့သည့်နှစ်များအတွင်းက အုပ်စုနှစ်ရပ်ကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ပြည်နယ်အရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို ဖွဲ့စည်းကြောင်း နိုင်ငံတော်သမ္မတရုံး အွန်လိုင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဗဟိုကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌများအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့အား ခန့်အပ်ထားကာ   ကော်မတီဝင် ၂၇ ဦး ပါရှိကာ အားလုံးသောကော်မတီဝင် များ မှာ အစိုးရဝန်ကြီးအဖွဲ့ဝင်များဖြစ်ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ကော်မတီဝင်များအနေဖြင့် မကြာမီ ရခိုင်ပြည်နယ်သို့ သုတေသနကွင်းဆင်း သွားရောက်မည်ဖြစ်ကြောင်း   ပြောသော်လည်း မည်သည့်ရက်နှင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်မည် မပါဝင်မည်ကို ပြောဆိုခြင်းမရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ကာ အထက်ပါ ဗဟိုကော်မတီအား ဖွဲ့စည်းပြီးနောက် ဗဟိုကော်မတီ၏ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီများကိုလည်း အသီးသီး ဖွဲ့စည်းခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...