စစ်ဘေးသင့်ကလေးများအတွက် တင်သွင်းသည့် အရေးကြီးအဆို မေးခွန်းအဖြစ်မေးခွန်းပြု

စစ်ဘေးသင့်ကလေးများအတွက် တင်သွင်းသည့် အရေးကြီးအဆို မေးခွန်းအဖြစ်မေးခွန်းပြု
by -
မဇ္စျိမ
ကျောက်မဲ စစ်ဘေးရှောင်စခန်းတစ်ခုမှ ကလေးများအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)
ကျောက်မဲ စစ်ဘေးရှောင်စခန်းတစ်ခုမှ ကလေးများအား တွေ့ရစဉ်။ (ဓာတ်ပုံ-ဘိုဘို၊မဇ္ဈိမ)
စစ်ဘေးသင့်ကလေးသူငယ်များ ကျောင်းဖွင့်ချိန်တွင် စာသင်ကြားနိုင်ရန်အတွက် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွက်ပေးရန် အရေးကြီးအဆိုတစ်ရပ် လွှတ်တော်ရုံးသို ့တင်ပြခဲ့သော်လည်း မေးခွန်းအဖြစ်သာမေးမြန်းရန် ခွင့်ပြုခဲ့သည်။

“စစ်ဘေးရှောင်ကလေးသူငယ်တွေ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ ကောင်းမွန်စွာပညာသင်ကြားနိုင်ဖို့ အစိုးရကစီစဉ်ပေးဖို ့တိုက်တွန်းတဲ့အဆိုပေါ့။ အဲ့ဒီ့ဟာကို စီစဉ်တာ။ ဒါပေမယ့် မေးခွန်းအဖြစ်ပြောင်းပြီး မေးပေးပါလို ့ပြောလို ့မေးခွန်းအဖြစ်ပြောင်းလိုက်ရတယ်” ဟု မန်တုံမြို ့နယ်ပြည်သူ ့လွှတ်တော်အမတ် ဒေါ်နန်းမိုးကပြောသည်။

၎င်း၏ မေးခွန်းအပေါ် အစိုးရအနေဖြင့် အခုချက်ချင်းဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း နှင့် မေးခွန်းမေးမြန်းရန် ၁၅ ရက်ခန် ့ထပ်မံစောင့်ဆိုင်းခိုင်းသည်ဟု ၎င်းက ပြောသည်။

“အခုသီပေါမှာ ဒုက္ခသည်စခန်းမှာ ကလေးသူငယ် အယောက်သုံးရာကျော်ရှိတယ်။ ဒါပေမယ့် သူတို့ပညာရေးကဘယ်လိုလဲဆိုတော့ အစိုးရအနေနဲ ့စီစဉ်ဆောင်ရွက်ထားခြင်းရှိမရှိ ကျမအနေနဲ့ သက်ဆိုင်ရာကိုမေးမြန်းတဲ့အခါမှာ ဘာမှအစီအစဉ်မရှိဘူးတဲ့” ဟု ဒေါ်နန်းမိုးက ဆက်လက်ပြောကြားသည်။

မည်သည့်အတွက် အရေးကြီးအဆိုမှ မေးခွန်းအဖြစ်သို ့ပြောင်းမေးရန် ဆိုသည်ကို လွှတ်တော်ရုံးမှ အကြောင်းပြချက် မပေးခဲ့ကြောင်းနှင့် အရေးကြီးအဆို တင်ခွင့်မရသည့် အကြောင်းအရာများရှိကြောင်း ၎င်းကဆိုသည်။

“မွေးလူနာကို မင်းမမွေးနဲ ့အုံးလို ့ပြောလိုက်တဲ့သဘောပဲ။ ကျမအရမ်းခံစားရပါတယ်” ဟု ဒေါ်နန်းမိုးကပြောသည်။

စစ်ဘေးရှာင်ကလေးသူငယ်များအတွက် လွှတ်တော်အမတ်တစ်ယောက်အနေဖြင့် အရမ်းစိတ်ပူရင်လေးမိကြောင်း နှင့် အစိုးရဌာနအနေဖြင့် စစ်ဘေးရှောင်ကလေးသူငယ်များ ပညာသင်ကြားရန်အတွက် မည်သို့ဆောင်ရွက်ထားသည် နှင့် ပက်သက်၍ မေးခွန်းကိုထိရောက်စွာမေးမြန်းသွားမည် ၎င်းကပြောသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...