လူငယ်ရေးရာမူဝါဒတစ်ခု ပုံဖော်ရန် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် ထည့်သွင်း

လူငယ်ရေးရာမူဝါဒတစ်ခု ပုံဖော်ရန် အစိုးရသစ်၏ ရက် ၁၀၀ စီမံကိန်းတွင် ထည့်သွင်း
by -
မဇ္စျိမ
အမျိုးသားအဆင့် လူငယ်ရေးရာမူဝါဒတစ်ခု ပုံဖော်ချမှတ်နိုင်ရေးအတွက် ဆယ်ကျော်သက်လူငယ် ၄၀၀ကျော် ပါဝင်သည့် ဆွေးနွေးပွဲတစ်ခုကို   နေပြည်တော်တွင် ပြုလုပ်ခဲ့ကြသည်။

ထိုဆွေးနွေးပွဲမှတစ်ဆင့် အစိုးရ၏ ရက် ၁၀၀ စီမံချက်တွင် ထည့်သွင်းအကောင်အထည်ဖော်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အမျိုးသားအဆင့် လူငယ်ရေးရာမူဝါဒ ချမှတ်ရေးအတွက် လမ်းညွှန်ထောက်ပြသော အကြောင်းအရာများ၊ အချက်အလက်များ ပေါ်ထွက်ခဲ့ကြောင်းသိရသည်။

ယင်းလူငယ်ညီလာခံကို နေပြည်တော်တွင် မေ ၁၈ရက် နှင့် ၁၉ရက်က စုဝေးခဲ့ပြီး ဆယ်ကျော်သက် လူငယ် ၄၀၀ကျော်တက်ရောက်ခဲ့ကာ လူငယ်အမျိုးသား၊ အမျိုးသမီးများအတွက် မတူကွဲပြားသည့် အရေးကိစ္စများအား ဆွေးနွေးခဲ့ကြသည်။

အမျိုးသမီးငယ်လေးများတွင် လူ့အသိုင်းအဝိုင်းက ဘေးဖယ်ခြင်း ခံထားရသည့်ကိစ္စများ၊ လုပ်ပိုင်ခွင့် နှင့် အခွင့်အလမ်းနည်းသည့် ကိစ္စရပ်များ၊ လူငယ်ဘဝမှ လူကြီးဘဝသို့ ကူးပြောင်းချိန် ပတ်ဝန်းကျင်၏ အကျိုးသက်ရောက်မှုများ၊ ခွဲခြားဆက်ဆံခံရမှု၊ ဆယ်ကျော်သက်လူငယ်များ ကြံုတွေ့ရသည့် စိန်ခေါ်မှုများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။

မတူညီသော လုပ်ပိုင်ခွင့်ဆိုင်ရာ ဆက်ဆံမှုများကြောင့် အနုက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများနှင့် ခွဲခြားဆက်ဆံခံရမှုများ ခံရတတ်ကြောင်း၊ ဆယ်ကျော်သက်လူငယ်များ တွေ့ကြံုခံစားရသော စိန်ခေါ်မှုများအား တင်ပြဆွေးနွေးပြီး လိ်ုအပ်သော အရာများအတွက် ဘဝရဲ့ ရှေးဦးအကျဆုံး အချိန်တွင် တုန့်ပြန်လုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ActionAid Myanmar တာဝန်ခံ ရှီဟဘ် အူဒင် အာမတ်က ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မူးယစ်ဆေးဝါးများ၊ ပညာရေး၊ လူ့အခွင့်အရေးနှင့် ကျား၊မ တန်းတူညီမျှရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကျန်းမာရေး၊ အစရှိသော အကြောင်းအရာများသည် မြန်မာနိုင်ငံရှိ ဆယ်ကျော်သက်လူငယ် ၁၀သန်းအပေါ် အကျိုးသက်ရောက်မှုရှိစေသည့် အကြောင်းအရာများကိုလည်း တက်ရောက်လာသော လူငယ်များက ဆွေးနွေးခဲ့သည်။
 
ပထမဦးဆုံးအကြိမ်ကျင်းပသော ဆယ်ကျော်သက်လူငယ်များ၏ အမျိုးသားအဆင့် ညီလာခံသည် ဆန်းသစ်မှု၊ တက်ကြွမှုနဲ့ အရင်းအမြစ်ကြွယ်ဝသော လူငယ်အဖွဲ့များထံမှ စိုးရိမ်ပူပန်မှုများ၊ မျှော်လင့်ချက်များနှင့် ၎င်းတို ့၏အိမ်မက်များအား စိစစ် စစ်ထုတ်ထားခြင်းမရှိဘဲ တိုက်ရိုက်နားထောင်နိုင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ယူနီဆက်မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲ(လ်) က ပြောကြားခဲ့သည်။
 
နှစ်ရက်တာညီလာခံ ပြီးဆုံးချိန်တွင် ပါဝင်ဆွေးနွေးသော ဆယ်ကျော်သက်လူငယ်များက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် အမျိုးသားအဖွဲ့အစည်းများနှင့် ငွေကြေးထောက်ပံ့သူ အလှူရှင်များအား  စာသင်ကျောင်းများ၌ အားကစားဆိုင်ရာနေရာများ၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများ၊ သန့်ရှင်းသောသောက်သုံးရေ၊ တကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများနှင့် လိင်ပိုင်းဆိုင်ရာ ပညာပေးဗဟုသုတများ စီစဉ်ထည့်သွင်း ပေးရန်၊  ဆယ်ကျော်သက်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အရေးများ ပိုမိုတိုးပွားလာစေရန်နှင့် လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ်အသုံးချခြင်းမှ ကာကွယ်နိုင်ရန် အသုံးဝင်သော နည်းပညာနှင့် အသက်မွေးမှုဆိုင်ရာ ပညာပေးသင်တန်းများအား လက်လှမ်းမီနိုင်ရန် လိုအပ်သော ကူညီပေးရန်အပြင် အခြားသော အကြောင်းအရာများအား တောင်းဆိုခဲ့ကြသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...