မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲအတွင်း ပိတ်မိခဲ့သည့် ဒုက္ခသည် ၅၀ကျော် ပြန်လည်လွတ်မြောက်

မန်စီတွင် တပ်မတော် နှင့် ကေအိုင်အေ တိုက်ပွဲအတွင်း ပိတ်မိခဲ့သည့် ဒုက္ခသည် ၅၀ကျော် ပြန်လည်လွတ်မြောက်
by -
မဇ္စျိမ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း တပ်မတော် နှင့် ကေအိုင်အေတိုက်ပွဲအတွင်း ပိတ်မိခဲ့သည့် ရွာသား ၅၀ကျော်သည် မိုင်းခေါင်းဒုက္ခသည်စခန်းကို် ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။

ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နှင့် တပ်မတော်တို့ တိုက်ပွဲအတွင်း မေလ ၂၃ရက် နံနက်ပိုင်းက ပိတ်မိခဲ့ခြင်းဖြစ်သည်။ မိုင်းခေါင်းကျေးရွာ နှင့် လိုင်ကာဇွပ်ဂျာ ကျေးရွာကြား မေ ၂၃ရက် နံနက် ၆နာရီကျော်က တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အရပ်သား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနော်မိုင်က ပြောသည်။

“ပိတ်မိနေတဲ့ ရွာသားတွေ မရှိတော့ဘူး။ အခုအကုန်လုံး ထွက်လာနိုင်ပြီ။ သူတို့ဖာသာ သူတို့ သိတဲ့လမ်းကနေ ထွက်လာတာဖြစ်တယ်။ အားလုံး ၅၀ ကျော်ရှိတယ်။ ကုန်သလောက် ဖြစ်သွားပြီ။ သူတို့က ဒီမှာနေပြီး ရွာကို အလုပ်သွားလုပ်တဲ့လူတွေ ဖြစ်ပါတယ်”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ပိတ်မိခဲ့သည့် ရွာသားများက လိုင်ဇာဇွပ်ဂျာ၊ ဖဂါယန်၊ ကောင်းခါးပါ၊ မုန်းလူ စသည့် ကျေးရွာများမှ အလုပ်သွားလုပ်နေသည့် ရွာသားများဖြစ်ပြီး လေးရက်ကြာ ပိတ်မိရာမှ မေ ၂၃ရက် မွန်းလွဲ ၂နာရီခန့်က ဒုက္ခသည်စခန်းကို ပြန်လည်ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။

ကေအိုင်အေ နှင့် တပ်မတော်တို့ တိုက်ပွဲများမှာ မေ ၁၅ရက်က စတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုးမြို့နယ် ဖောင်းဆိုင်ဒေသတွင်လည်း တပ်မတော်၏ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ နှင့် ကေအိုင်အေ တပ်မတော် ၆ လက်အောက်ခံ တပ်ရင်း ၃၈တို့ မေ ၂၂ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး မန်ပိန်းကျေးရွာမှ အိမ်ခြေ ၂၀ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု ကေအိုင်အေ တပ်မဟာ ၄မှ ဗိုလ်မှူးကြီး ဇော်ဂမ်က ပြောသည်။

"တပ်မတော်ဘက်က ၂ ယောက် ကျတယ်လို့ သိရတယ်။ ရွာသားတွေက ကြိုတင်ထွက်ပြေးသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

မန်ပိန်းကျေးရွာတွင် အိမ်ခြေ ၂၀ ကျော်ရှိပြီး ကျေးရွာသားများသည် တရုတ်နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်သွားပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ ၄ နှင့် တပ်မဟာ ၆ ဒေသများတွင် နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သလို၊ လက်ရှိ ကျောက်မဲမြိ့ုနယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကာ တအာင်းအမျိုးသားတပ်မတော်(TNLA)နှင့် တပ်မတော်တို့အကြားလည်း ကျောက်မဲမြို့နယ် ပန်စံကျေးရွာအနီးတွင် မေလ ၂၂ ရက်က တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်။

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်မြို့နယ်အတွင်း SSPP/SSA က သတ်မှတ်နယ်မြေ ကျော်လွန်လာသည့် အတွက် တပ်မတော်စစ်ကြောင်းနှင့် မေလ ၅ ရက်မှ ၂၀ ရက်အတွင်း ထိတွေ့ တိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ကာ တပ်မတော်ဘက်မှ တပ်ရင်းမှူး တစ်ဦး အပါအဝင် အရာရှိစစ်သည်တစ်ချို့ အသက်စွန့်ခဲ့ရကာ ထိခိုက်ဒဏ်ရာများစွာ ရရှိခဲ့သည်ဟု မေလ ၂၁ ရက် တပ်မတော်က ထုတ်ပြန်ထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...