Published
Tuesday, May 24, 2016
နယ်မြေကျော်လွန်လာသည့်အတွက် SSA ဝမ်ဟိုင်းအဖွဲ့နှင့် တိုက်ပွဲဖြစ်ဟု တပ်မတော်ထုတ်ပြန်
ရှမ်းပြည်နယ် (မြောက်ပိုင်း) SSPP/SSA (ဝမ်ဟိုင်း)အဖွဲ့က နယ်မြေကျော်လွန်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မေ ၂၁ရက်ရက်တွင် တပ်မတော်က ထုတ်ပြန်လိုက်သည်။
မေလ ၅ရက်မှ ၂၀ရက်အတွင်း ရှမ်းမြောက်ပိုင်း သီပေါမြို့နယ်၊ ကုန်းညုကျေးရွာ၊ တွန်ဆောက်ကျေးရွာ၊ ကျောက်မဲမြို့နယ် နောင်ကွမ်ကျေးရွာ၊ တိန်းလုံကျေးရွာ နှင့် လားရှိုးမြို့နယ် နမ္မဘောဒဒေသများတွင် ထိတွေ့တိုက်ပွဲ ၁၃ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း SSPP ဘက်မှ ရဦးတိုက်ပွဲကျခဲ့ကြောင်း အလောင်းများ တွေ့ရှိခဲ့ပြီး လက်နက်ငယ် ကိုးလက်၊ ကျဉ်မျိုးစုံ ၁၁၂တောင့်၊ ကျည်အိမ်မျိုးစုံ ၄၇ခု၊ ဒေသန္တရလုပ်မိုင်း ၄လုံး၊ ဆက်သွယ်ရေးစက် ၈လုံး၊ တရားမဝင် သစ်မျိုးစုံ ၁၀၅တန်၊ သစ်တင်ယာဉ် ငါစီး အပါအဝင် အသုံးအဆောင်များ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း တပ်မတော်အရာရှိ နှင့် တပ်သားအချို့လည်း ကျဆုံးခဲ့ကြောင်း မြဝတီသတင်းတွင် ဖော်ပြခဲ့သည်။







