ပြည်သူ့ပါတီဖြစ်အောင်တည်ဆောက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ဥက္ကဋ္ဌ ဦးသိန်းစိန်မှာကြား

ပြည်သူ့ပါတီဖြစ်အောင်တည်ဆောက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ဥက္ကဋ္ဌ ဦးသိန်းစိန်မှာကြား
by -
မဇ္စျိမ
ပြည်သူ့ပါတီဖြစ်အောင်တည်ဆောက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ဥက္ကဋ္ဌ ဦးသိန်းစိန်မှာကြား
ပြည်သူ့ပါတီဖြစ်အောင်တည်ဆောက်ကြဖို့ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ဥက္ကဋ္ဌ ဦးသိန်းစိန်မှာကြား
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူချစ်သည့် ပြည်သူ့ပါတီဖြစ်ရေး လုပ်ဆောင်ကြရန် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဦးသိန်းစိန်က ရန်ကုန်တိုင်း ပါတီဝင်များကို ညွှန်ကြားခဲ့သည်။

သမ္မတ(ဟောင်း) ဦးသိန်းစိန်က ရန်ကုန်တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းက ပါတီကော်မတီဝင်များနှင့် မေ ၂၃ရက် နံနက်ပိုင်းက ပထမအကြိမ်အဖြစ် ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးရုံးချုပ်မှာ တွေ့ဆုံခဲ့ပြီး ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတတာဝန်မှ အနားယူပြီးနောက် ပါတီလုပ်ငန်းများကို ထဲထဲဝင်ဝင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း နှင့် ပါတီစဉ်ဆက်မပြတ် ရှင်သန်ရေးအတွက် မျိုးဆက်သစ် လူငယ်များကို အချိုးညီ ထည့်သွင်းဖွဲ့စည်းရန် စသည့် အချက်များကို မှာကြားခဲ့ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ (အဖွဲ့ခေါင်းဆောင်) ဦးခင်ရီက မဇ္ဈိမကို ပြောသည်။

ယင်းအပြင် ပြည်ခိုင်ဖြိုးပါတီကိုလည်း ပြန်လည်ကျစ်လစ်အောင် ပြန်ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ပြန်လည်ပြောပြသည်။

ဦးသိန်းစိန်မှာ ယခင် သမ္မတတာဝန်ထမ်းဆောင်စဉ်ကလည်း ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သော်လည်း ပါတီလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ပူးတွဲဥက္ကဋ္ဌအဖြစ် သူရဦးရွှေမန်းက တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ခုနှစ် သြဂုတ်လ ၁၂ရက် ညတွင်း ပါတီတွင်း အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပြီးနောက် သူရဦးရွှေမန်းနေရာတွင် ဦးဌေးဦးက တွဲဖက်ဥက္ကဋ္ဌ/ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီ ရှံှုးနိမ့်သွားပြီး အစိုးရသစ်တက်လာပြီးနောက်ပိုင်းတွင် ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပါတီကို ထဲထဲဝင်ဝင် တာဝန်ယူနိုင်တော့မည်ဖြစ်သည်။

မေ ၂၃ရက်ရက်က တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဗဟိုအတိုင်ပင်ခံ ဦးစိုးသာ၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး၊ တိုင်း/ ခရိုင် /မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၅၃၀ ကျော် တက်ရောက်ခဲ့ကြသည်ဟုလည်း ကြံ့ခိုင်ရေးပါတီက သတင်းထုတ်ပြန် ချက် အရသိရပါသည်။

ဓာတ်ပုံ- ပြည်ခိုင်ဖြိုးပါတီဖေ့စ်ဘုတ်

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...