အမေရိကန် စီးပွားရေးပိတ်ဆို့မှု အရေးကြီးပြဿနာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမေရိကန် စီးပွားရေးပိတ်ဆို့မှု အရေးကြီးပြဿနာမဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္စျိမ
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ၏ တပ်မတော်ပိုင်ဘဏ် ၂ခုအပါအဝင် အစိုးရဘဏ်များနှင့် လုပ်ငန်းများအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ကာ စီးပွားရေးပိတ်ဆို့မှုသက်တမ်း ၁နှစ် ထပ်မံတိုးလိုက်သော်လည်း အဆိုပါ ပိတ်ဆို့မှုသည် အရေးကြီးသည့် ပြဿနာတစ်ခုမဟုတ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnanနှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံမှုအပြီးတွင်ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုများနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"အကြောင်းအရာ တစ်ခုခုကြောင်း ပိတ်ဆို့ထားတာဖြစ်လို့ အချိန်တစ်ခုခုရောက်ရင် ပိတ်ဆို့အရေးယူထားတာတွေ ရုတ်သိမ်းသွားမှာပါ။ ကျွန်မတို့မှာ ခွန်အားတွေရှိတယ်ဆိုတာ ယုံကြည်တဲ့အတွက် ဒါဟာ အရေးကြီးတဲ့ ပြဿနာ တစ်ခုမဟုတ်ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အရေးယူပိတ်ဆို့မှုအပေါ်လည်း စိုးရိမ်မှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြောသည်။

"အမေရိကန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်လို့ ကျွန်မအနေနဲ့ ထူးထူးခြားခြား စိုးရိမ်မှု မရှိပါဘူး" ဟု ဆိုသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အပြန်အလှန်ယုံကြည်ရသည့် မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...