ဖမ်းဆီးခံ အလုပ်သမား သပိတ်မှ ၂၀ ဦးကိုနေရပ်သို ့ပြန်လည်ပို ့ဆောင်

ဖမ်းဆီးခံ အလုပ်သမား သပိတ်မှ ၂၀ ဦးကိုနေရပ်သို ့ပြန်လည်ပို ့ဆောင်
by -
မဇ္စျိမ
 နေပြည်တော်အဝင်တွင် ဖြိုခွင်းဖမ်းဆီးခံလိုက်ရသည့် စစ်ကိုင်း အလုပ်သမား သပိတ်တွင်ပါ၀င်သူ ရ၁ ဦးအနက် ၂၀ ဦးကို မေလ ၁၉ ရက်နေ ့နံနက်ပိုင်းက နေရပ်သို ့ပြန်လည်ပို ့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

" ညက အမျိုးသား ၁၀ ဦး နဲ ့ အမျိုးသမီး ၁၀ က ပြန်ပို ့ပေးမယ်ပြောတာကို လက်ခံလို ့ ထွေအုပ်တာဝန်ရှိသူတွေနဲ့ Express ကားတစ်စီးနဲ ့ပြန်ပို ့ပေးလိုက်ပါတယ်။ စစ်ကိုင်းက တာဝန်ရှိသူတွေထံကို ခုမနက်မှာအပ်နှံမှာပါ " ဥတ္တရ သီရီ ခရိုင်အုပ်ချုပ်ရေးမှူ း ဦးအေးသောင်းက ပြောသည်။

စစ်ကိုင်း အလုပ်သမားသပိတ်တွင် ပါ၀င်သည့် ၀န်းရံသူနှင့် အလုပ်သမား ရ၁ ဦး ကို ဖမ်းဆီးခဲ့ပြီး ခေါင်းဆောင် ၁၄ ဦးကိုသာ တရားစွဲဆိုရန် စီစဉ်ထားသော်လည်း ၂၀ ဦးသာနေရပ်ပြန်ပြီး ကျန်အလုပ်သမားများမှာ နေရပ်သို ့ပြန် လည် ပို့ဆောင်သည်ကို လက်မခံသဖြင့် ကျန်ရှိနေသည့် ၅၁ ဦးလုံးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးအေး သောင်းက ပြောသည်။

" အခွင့်အရေပေးတာ သူတို ့ဘက်က လက်မခံဘူး။ ခေါင်းဆောင် ၁၄ ဦးကိုပါ ပြန်လွှတ်ပေးမှ ပြန်မယ်လ ပြောတဲ့ အတွက် အခု ဒီနေ ့ တပ်ကုန်းတရားရုံးမှာ ရမန်ယူပြီး ရမည်းသင်းထောင်ကို ပို ့မှာပါ " ၎င်းကဆိုသည်။

ခေါင်းဆောင် ၁၄ ဦး နှင့် အလုပ်သမားများအပါအဝင် စုစုပေါင်း ၅၁ ဦးကို ရဲတပ်ဖွဲ ့မှ တရားစွဲဆိုရန်ပြင် ဆင်နေ သော် လည်း မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်းကို မသိရှိသေးကြောင်း သိရသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...