ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
by -
မဇ္စျိမ
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်နှင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ
 နေပြည်တော်(မေလ ၁၉ရက်၊ ၂၀၁၆ခုနှစ်)။ ။ ပါတီလုပ်ငန်းများကို ထမ်းဆောင်နေပြီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnanနှင့် မေလ ၁၉ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် စင်္ကာပူနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လူငယ်များအရည်အသွေးမြင့်မားရေးအတွက် လေ့ကျင့်သင်ကြားပေးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များအခွင့်အလမ်း တိုးတက်ရရှိရေးအတွက် လုပ်ငန်းခွင်သင်တန်းများအား ဆက်လက်လေ့ကျင့်သင်ကြားပေးရေးတို့အား ဆွေးနွေးခဲ့ကြသည်ဟု USDP က ထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ ပါတီဥက္ကဌ ဦးသိန်းစိန်အပြင် ဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟို အတွင်းရေးမှူးများ တက်ရောက်ကြသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးသည် မေလ ၁၈ရက်နေ့ နံနက်ပိုင်းကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး  Dr.Vivian Balakrishnan သည် မြန်မာနိုင်ငံ နှင့် စင်ကာပူနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် (၅၀) ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

ဓာတ်ပုံ- Aung Paing Min ဖေ့စ်ဘွတ်မှ

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...