ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ လမ်းကြောင်းပြောင်းရန် ညွှန်ကြားခံရ

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ လမ်းကြောင်းပြောင်းရန် ညွှန်ကြားခံရ
by -
မဇ္စျိမ
ဓာတ်ပုံ-ထက်ထက်နိုင်
ဓာတ်ပုံ-ထက်ထက်နိုင်
ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်းသားများ စီစဉ်သည့် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွက် သက်ဆိုင်ရာ ရဲစခန်းများတွင် ခွင့်ပြုချက်တောင်းခံရာ လမ်းကြောင်းပြောင်းလုပ်ရန် ညွှန်ကြားခံရကြောင်း YSPSကျောင်းသားဟောင်းတစ်ဦးဖြစ်သည့် ကိုအောင်ဇော်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော်တို့ဖြတ်သွားမယ့် လမ်းကြောင်းတွေမှာ ရှိတဲ့ တာမွေ၊ကျောက်တံတား၊ဗိုလ်တထောင် ရဲစခန်းတွေကို ပွဲနဲ့ပတ်သက်လို့ တစ်ပတ်ကြိုတင်ပြီး စာတင်တယ်။သူတို့ဘက်က မနေ့ကမှ အကြောင်းပြန်တယ်။ လမ်းကြောင်းအခက်အခဲကြောင့် မြို့တော်ခန်းမရှေ့မှာ ဘာသာရေးအကြီးအကဲတွေရဲ့ မေတ္တာတရားဆိုင်ရာဟောပြောမယ့် စကားတွေကို သူတို့ခွင့်မပြုနိုင်ဘူးဆိုပြီး ကန့်သတ်လိုက်တယ်။ နောက်ပြီး ကျွန်တော်တို့ကို နေရာပြောင်းခိုင်းတယ်”ဟု ကိုအောင်ဇော်က မဇ္စျိမကို ပြောသည်။

ဤကဲ့သို့ ရွှေ့ပြောင်းကျင်းပခိုင်းခံရသော်လည်း ငြိမ်းချမ်းရေးလုပ်ရပ်လုပ်ဆောင်နေခြင်း ဖြစ်၍ အဆိုပါဟောပြောမှုအစီအစဉ်ကို ဖြုတ်ပြီး မူလလမ်းကြောင်းမှာပင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါဘာသာပေါင်းစုံ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲကို မေ ၁၄၇က်နေ့ ညနေ ကျောက်မြောင်းမီးပွိုင့် လမ်းဆုံ(ဘဟာအီရုံးချုပ် အနီး)မှ စတင်မည်ဖြစ်ပြီး ဗညားဒလလမ်း၊သိမ်ဖြူလမ်း၊ ကုန်သည်လမ်းနှင့် ဆူးလေ လမ်းမကြီးတစ်လျှောက်လမ်းလျှောက်ပြီး မဟာဗန္ဓုလပန်းခြံရှေ့တွင် ရပ်နားကာ ငြိမ်သက်စွာ ၀တ်ပြုဆုတောင်းကြမည်ဖြစ်သည်။

လမ်းတစ်လျှောက်နှင့် အဆုံးသတ်တွင်လည်း  ငြိမ်းချမ်းရေးဂီတသံစဉ်များဖြင့် တီးခတ်ဖျော်ဖြေသွားမည် ဖြစ်သည်။

ကျောက်တံတားမြို့နယ်ရဲစခန်းကို မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့ပွဲက လမ်းကြောင်းအခက်အခဲဖြစ်စေနိုင်လို့ ဗဟန်းဟစ်တိုင်ကနေ ဗိုလ်စိန်မှန်ကွင်းထိ လမ်းကြောင်းကို ပြောင်းလျှောက်ခိုင်းတာပါ။ တခြားဘာအစီအစဉ်မှ ကန့်သတ်လိုက်တာမရှိပါဘူး” ဟု ဖြေကြားခဲ့သည်။

လမ်းလျှောက်ပွဲကို မူလလမ်းကြောင်းတွင်သာ ကျင်းပသွားမည့်အတွက် ပုဒ်မ၁၁ဖြင့် ငြိစွန်းသည်ဟု ဆိုလာပါလျှင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အဆိုပါပွဲစီစဉ်သူတစ်ဦးဖြစ်သည့် ကိုထက်အောင်လင်းက ဆိုသည်။

အဆိုပါပွဲကို ခွင့်ပြုထားသောလမ်းကြောင်းမဟုတ်ပဲ မူလလမ်းကြောင်းတွင်သာ ကျင်းပသွားမည်ဆိုပါက ဥပဒေအရ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...