ရိုဟင်ဂျာမရှိကြောင်း တရားဝင်စာထုတ်ပေးရန် အစိုးရကိုတောင်းဆို

ရိုဟင်ဂျာမရှိကြောင်း တရားဝင်စာထုတ်ပေးရန် အစိုးရကိုတောင်းဆို
by -
မဇ္စျိမ
ခိုးဝင်ဘင်္ဂါလီအလိုမရှိကြောင်းနှင့် ရိုဟင်ဂျာဆိုသည့် တိုင်းရင်းသားလူမျိုး မရှိကြောင်းကို လက်ရှိအစိုးရအနေဖြင့် ကမ္ဘာသိအောင် တရားဝင် ကြေညာပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲကို မေ ၁၃ရက်နေ့က မန္တလေးတွင်ပြုလုပ်ခဲ့သည်။

ဆန္ဒဖော်ထုတ်သူအင်အား ၅၀၀ခန့်ဖြင့် မန္တလေးမြို့၊ နန်းရှေ့အားကစားကွင်းမှှ ၆၂လမ်း၊ထိုမှ ၂၆ လမ်းထောင့်အထိချီ တက်ခဲ့ကြပြီး နန်းရှေ့အားကစားကွင်းတွင် ဆန္ဒထုတ်ဖော်   တောင်းဆိုပွဲကို ပြုလုပ်ခဲ့သည်။

ချီတက်ရာလမ်းတစ်လျှောက်တွင် "မြန်မာသမိုင်းမှာမရှိသော (ရိုဟင်ဂျာ)ဖန်တီးသူ ဒို့ရန်သူ၊လူမျိုးအတုအယောင်ဖန်တီးသုံးစွဲသူ ဒို့ရန်သူ၊စသည့်"ဟုကြွေးကြော်ကြသည်။

ဆန္ဒဖော်ထုတ်ပွဲအား ဦးဆောင်သူ ဝံသာနု ရက္ခိတ စနေလူငယ်အသင်းမှ ကိုပြည့်ဖြိုးအောင်က "မြန်မာတိုင်းရင်းသားလူမျိုးက ၁၃၅ မျိုးထဲရှိတယ်။ အမှန်တကယ်ဆိုရင် ခိုးဝင်ဘင်္ဂါလီက ခိုးဝင်ဘင်္ဂါလီပါဘဲ။  ဒီအတွက် နိုင်ငံတော်အစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနအနေနဲ့ မြန်မာတိုင်ရင်းသားမှာ  ရိုဟင်ဂျာလူမျိုးမရှိဘူးဆိုတာကို တရားဝင်ကြေငြာပေးဖို့အတွက် တောင်းဆိုတာပါ။ ဒါကိုလည်း အမေရိကန် သံရုံး အနေနဲ့ ရိုဟင်ဂျာမရှိဘူးဆိုတာကို တရားဝင်စာထွက်ပေးဖို့ တောင်းဆိုပါတယ်" ဟုပြောသည်။

ဆန္ဒဖော်ထုတ်ပွဲသို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့၊တောင်ကြီး၊မိတ္ထီလာ၊ရွှေဘိုမြို့တို့မှ မျိုးချစ်အဖွဲ့များပါဝင်ပြီး  ဝံသာနုရက္ခိတ စနေလူငယ်အသင်းမှ ဦးဆောင်ပြီးလုပ်ခဲ့သည်ဟု ၎င်းကဆိုသည်။

ရဟန်းပျိုများသမဂ္ဂအဖွဲ့ချုပ်မှဆရာတော်ဦးစန္ဒာသီရိက"ဆရာတော်တို့ အနေနဲ့က ဒီရိုဟင်ဂျာ ကိစ္စဆိုတော့လည်း ပါဝင်ရတာပေါ့ ။ ဒါကလည်း အနာဂတ် ဘာသာရေး သာသနာ အရေးနဲ့လည်းဆိုင်တယ်။ ဒီလိုဆန္ဒထုတ်ဖော်တဲ့အပေါ်မှာလည်း အကြောင်းမထူးရင် မထူးသလိုဆက်လက်လုပ်ဆောင်သွားမယ်။လက်ရှိအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူး ဆိုတာကို ကမ္ဘာကသိအောင်ကြေညာပေးပါ။"ဟု မိန့်ကြားသည်။

ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူများသည် အထက်မြန်မာပြည်ရှိ မြို့ကြီးများတွင်လည်း ယခုလို ဆန္ဒဖော်ထုတ်တောင်းဆိုမှုများ ပြုလုပ်ရန်စီစဉ်သွားမည်ဟုဆိုကြသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...