ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး တာဝန်ယူဆောင်ရွက်မည့် အစီအစဉ်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မဇ္စျိမ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယြ်ဖစ်သူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းနှင့် မေလ ၉ရက်က နေပြည်တော်တွင်တွေ့ဆုံပြီးနောက် ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်ပြီး တာဝန်ယူဆောင်ရွက်သွားမည့် အစီအစဉ်ကို အသေးစိတ်ပြောဆိုခဲ့ခြင်း မရှိသော်လည်း တာဝန်များကို ထိုင်းနိုင်ငံတစ်ခုတည်းအပေါ်တွင် ထားမည်မဟုတ်ဘဲ မြန်မာနိုင်ငံအနေဖြင့်လည်း တာဝန်ယူဆောင်ရွက်သွားရန် အစီအစဉ်များရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဒွန် ပရာမွတ်ဝီနိုင်းကလည်း "ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ပညာသင်ကြားခွင့် ရရှိနေကြပြီး ထိုင်းလုပ်သားတွေနည်းတူ ကျန်းမာရေး ဆေးကုသခွင့်တွေ ရရှိနေကြပြီ ဖြစ်ပါတယ်။ ပြီးတော့ ထိုင်းလုပ်သားတွေနဲ့ အခွင့်အရေးတန်းတူရဖို့ တဖြည်းဖြည်း တိုးမြှင့်ဆောင်ရွက်သွားပါမယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်သွားရမယ့် ကိစ္စတွေလည်း ရှိပါတယ်" ဟု ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံမီ သမ္မတဦးထင်ကျော်နှင့် တွေ့ဆုံခဲ့သေးရာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား တန်းတူအခွင့်အရေးပေးရန် သမ္မတဦးထင်ကျော်က နိုင်ငံခြားရေးဝန်ကြီးအား တောင်းဆိုခဲ့သေးသည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက်မှာ ၁ဒဿမ ၅၉သန်းရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင်မူ လက်ရှိ ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းအခြေချ ၁.၆သန်း အလုပ်လုပ်ကိုင်လျက်ရှိပြီး မှတ်ပုံမတင်ရသေးသည့် နောက်ထပ် ၁.၆သန်းလည်း ရှိသေးသည်ဟု ထိုင်း-မြန်မာ စီးပွားရေးဖိုရမ်ကို တည်ထောင်သူ သာနစ်ဆိုရတ်၏ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...