ရိုဟင်ဂျာဟု မသုံးရန် အမေရိကန် သံအမတ်ကြီးအား ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရိုဟင်ဂျာဟု မသုံးရန် အမေရိကန် သံအမတ်ကြီးအား ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
by -
မဇ္စျိမ
မြန်မာနိုင်ငံတွင်း နေထိုင်သည့် မွတ်စလင်များအကြောင်း ဖော်ပြရာတွင် ရိုဟင်ဂျာဟူသော အသုံးအနှုန်းကို ရှောင်ကြဉ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်သံအမတ်ကြီးအား အကြံပေးပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ်စ်သတင်းတွင် ဖော်ပြသည်။

ယခင်အစိုးရအတိုင်းပင် လက်ရှိအစိုးရအနေဖြင့် နိုင်ငံသားအဖြစ် အသိအမှတ် ပြုထားခြင်း မရှိသောကြောင့် ရိုဟင်ဂျာဟူ၍ သုံးနှုန်းမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူ   နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးကျော်ဇေယျက ပြောသည်။

"တိုင်းရင်းသား ၁၃၅ မျိုးမှာ မပါဝင်တာကြောင့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့က သုံးနှုန်းမှာ မဟုတ်ပါ။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကတော့ အငြင်းပွားဖွယ်ရာရှိနေတဲ့ အသုံးအနှုန်းကို သုံးစွဲခြင်းက အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်နဲ့ ဖြေရှင်းဆဲ ပြဿနာများအတွက် အထောက်အပံ့ဖြစ်စေမယ့် အရာမဟုတ်ပါ။"ဟု ၎င်းက ပြောသည်။

အသစ်ရောက်ရှိလာသည့် အမေရိကန်သံအမတ်ကြီး Scot A. Marciel က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း အမေရိကန်သံရုံးက ပြောသော်လည်း ၎င်းတို့ ပြောဆိုဆွေးနွေးမှုများနှင့် ပတ်သက်ပြီး ထင်မြင်ချက် မပေးပေ။

ဧပြီ ၁၉ ရက်က ရခိုင်ကမ်းလွန်တွင် လှေသင်္ဘောနစ်မြုပ်၍ လူပေါင်း ၂၀ ကျော်ထက်မနည်း သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံရုံးက ဝမ်းနည်းကြောင်း ဖော်ပြရာတွင် ရိုဟင်ဂျာဆိုသော အသုံးနှုန်းကို သုံးစွဲခဲ့၍ ဝေဖန်ဆန့်ကျင်မှုများ ဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...