ရခိုင်လွှတ်တော်တွင် ရေးရာကော်မတီသစ် ၃ ရပ်နှင့်၊ အထောက်အကူပြု ရ ဖွဲ့ ဖွဲ့စည်းမည်

ရခိုင်လွှတ်တော်တွင် ရေးရာကော်မတီသစ် ၃ ရပ်နှင့်၊ အထောက်အကူပြု ရ ဖွဲ့ ဖွဲ့စည်းမည်
by -
မဇ္စျိမ
လာမည့် မေလ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ၁/၂၀၁၆ တွင် ရခိုင်ပြည်နယ် လွှတ်တော်ရေးရာ ကိစ္စရပ်များကို ပ့ံပိုးအထောက်အကူပြုနိုင်ရန် လွှတ်တော်ရေးရာ ကော်မတီ ၃ ရပ်နှင့် အထောက်အကူပြု အဖွဲ့ ရ ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်နယ်လွှတ်တော်ရေးရာကော်မတီ ၃ ရပ်အဖြစ် -  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ တိုင်းရင်းသား လူမျိုးများအရေး လေ့လာရေးကော်မတီနှင့် ဥပဒေပြုရေးကော်မတီ တို့ဖြစ်ကာ ပြည်နယ်လွှတ်တော် အထောက်အကူပြုလုပ်ငန်းအဖွဲ့ ရ ဖွဲ့အဖြစ် - ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်လူမှုမြှင့်တင်ရေးအဖွဲ့၊ ဆောက်လုပ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုလုပ်ငန်းအဖွဲ့၊ စည်ပင်သာယာရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးလုပ်ငန်းများအဖွဲ့၊ လယ်ယာ၊ သားငါး၊ သစ်တောနှင့် ဆည်မြောင်းလုပ်ငန်းများအဖွဲ့၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းအဖွဲ့၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် အထူးကိစ္စရပ်များ ကြားနာစုံစမ်းရေးအဖွဲ့နှင့် ရခိုင်ပြည်နယ်လွှတ်တော် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များဆိုင်ရာအကြံပေးအဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။

ယင်းသို့ အသစ်ဖွဲ့စည်းမည့် ရေးရာကော်မတီများနှင့် အထောက်အကူပြုအဖွဲ့များတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်များလည်း ပါ၀င်မည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္စျိမကို အတည်ပြု ပြောကြားခဲ့သည်။

"ဒါကတော့ လွှတ်တော်ကို ရခိုင်အမျိုးသားပါတီက ထိန်းချုပ်ပြီး ဖြစ်တဲ့အတွက် အသစ်ဖွဲ့မယ့် ရေးရာကော်မတီတွေ၊ အထောက်အကူပြု အဖွဲ့တွေမှာ ANP ကိုယ်စားလှယ်တွေ ပါ၀င်လာမှာပါ။ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကလည်း ANP ကပဲလေ။ ဒါက အစိုးရအဖွဲ့နဲ့ မဆိုင်ဘူး။ ကျွန်တော်တို့က အစိုးရအဖွဲ့မှာပဲ မပါ၀င်ဘူးလို့ ပြောထားတာ"

မေလ ၉ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးအတွက် ယနေ့ မေလ ၆ ရက်နေ့တွင် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတစ်ရပ်ကို ကျင်းပခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ၀န်ထမ်းများက တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော် ၄၇ နေရာတွင် ၂၃ နေရာထိ အနိုင်ရရှိပြီး လွှတ်တော်တွင်း ကိုယ်စားလှယ်အများဆုံး ပါတီတစ်ခုလည်း ဖြစ်သည့်အပြင် လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ နေရာများကိုလည်း ရရှိထားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခွင့် ရရှိရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း NLD ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း၍ မရခဲ့သဖြင့် ရခိုင်အမျိုးသားပါတီအနေနှင့် လွှတ်တော်ကို ထိန်းချုပ်ထားနိုင်ရန်သာ ကျန်ရှိတော့ကြောင်း ဦးခိုင်ပြည်စိုးက ပြောကြားခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...