ကျောက်မဲမြို့နယ် မုုိင်းငေါ့နှင့် မုုိင်းလုံုမြို့နယ်ကြား ဟူးဆွန်ကျေးရွာအုုပ်စုုနှင့် ဟူးကွက်ကျေးရွာအုုပ်စုုတုုိ့မှ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ ဒေသခံ ကျေးရွာသား၅၀၀ ခန့်သည် စစ်ပွဲကြောင့် ထွက်ပြေးလာခြင်းဖြစ်သည်ဟုု ကျောက်မဲမြို့ မှ ကျားခေါင်းပါတီမှ ပါတီဝင် စုုိင်းသန်းမောင်က ပြောသည်။
“မနေ့က ည ၁၀ နာရီထိတော့ ၅၀၀ ဝန်းကျင်တော့ ရောက်ပြီ ဘုုန်းကြီးကျောင်း လေးကျောင်းမှာ ပေးတည်းပါတယ်။ သူတိုု့အတွက် လောလော ဆယ်ဆယ်က ဖေဖော်ဝါရီလနဲ့ မတ်လက ထောက်ပ့ံထားတဲ့ ငွေတွေ ပုုိလျှံတာရှိပါတယ်။ အဲဒါနဲ့ပဲ ထောက်ပံ့ပေးနေရတယ်၊ ဒီနေ့လည်း ထပ်သွားကြိုတယ်။ ဒီနေ့လည်း ဒုုက္ခသည်အများကြီး ထွက်လာသေးတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
အဆုုိပါ ဒုုက္ခသည်များသည် ကျောက်မဲမြို့ရှိ အောင်စုုပန်၊ နတ်တလင်း၊ တောင်နောင့်၊ ရွှေ့ကျင် စသည့် ဘုုန်းကြီးကျောင်း ၄ ကျောင်းတွင် လာရောက် ခုုိလှုံနေပြီး ယနေ့ တွင်လည်း ထပ်မံရောက်ရှိနေဆဲ ဖြစ်သည်ဟုု သူက ပြောသည်။
ထုုိစစ်ပြေး ဒုုက္ခသည်များတွင် ကလေးနှင့် အသက်ကြီးသူများ အများအပြား ပါဝင်ပြီး အဓိကအားဖြင့် ခြင်ထောင် အရေးတကြီး လုုိအပ်နေသည်ဟုု စုုိင်းသန်းမောင်က ပြောသည်။
“ကုုိယ်လွတ်ရုန်းလာကြတယ်ဆုုိတော့ အဝတ်တစ်ထည် ကုုိယ်တစ်ခုုလောက်ပဲ။ အဘွားနဲ့ကလေးငယ်တွေ အများဆုံုးပါပါတယ်။ ခြင်ထောင်လုုိမယ်။ အိပ်ယာခင်းတွေတော့ ဘုုန်းကြီးကျောင်းက ကောဇောခင်းပေးတာပေါ့။ စောင်ကတော့ အရင်တစ်ပတ်က ပုုိတဲ့စောင်တွေ ပေးထားပါတယ်။ ခြင်ထောင်လုုိတာပေါ့ဗျ”ဟုု သူက ပြောသည်။
မေလ ၆ ရက်ကလည်း နမ့်ခမ်းမြို့နယ်အတွင်း RCSS/SSA နှင့် TNLA တုုိ့အကြား ခြောက်ရက်မြောက် တုုိက်ပွဲ နှစ်နေရာဖြစ်ပွားခဲ့ပြီး ယနေ့ နံနက် ၁၀နာရီမှ ယခုု ညနေပုုိင်းချိန်ထိ နမ့်ခမ်းမြို့နယ် လွယ်ဟွမ်ရွာနှင့် မန်ဆန်ကျေးရွာကြားတွင် TNLA နှင့် မြန်မာ့တပ်မတော်မှ တပ်မ ၃၃ နှင့် တစ်နေရာ ဖြစ်ပွားခဲ့ရာ ယနေ့ ညနေပုုိင်းထိ တုုိက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့သည်ဟုု TNLA မှ ပြန်ကြားရေးတာဝန်ခံ မုုိင်းအုုိက်ကျော်က ပြောသည်။
“ဒီနေ့ သုံုးနေရာဖြစ်တယ်။ မနက် ၉ နာရီကနေ ၁၁ ခွဲထိက နမ့်ခမ်းမြို့ ဟုုိပန်ရွာအထက်က တောင်ကုုန်ပေါ်မှာဖြစ်တယ်။ ၉ နာရီကနေ ၁၂ နာရီထိက နမ့်ခမ်းမြို့နယ် နန့်ပုံုအထက်နားက တောင်ကြောမှာ အာစီအက်စ်အက်စ်နဲ့ တုုိက်ပွဲဖြစ်တယ်။ တစ်နေရာက မနက် ၁၀ နာရီကျော်ကနေ ခုုထိ တုုိက်ပွဲဖြစ်နေတယ်။ အစုုိးရတပ် တပ်မ ၃၃ နဲ့ ဖြစ်တယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
RCSS/SSA နှင့် TNLA တိုု့အကြား မေလ ၁ ရက်မှစတင်၍ ကျောက်မဲ၊ နမ့်ခမ်းနှင့် မုုိင်းတုုံ့မြို့နယ်အတွင်း ဖြစ်ပွားသော တုုိက်ပွဲကြောင့် စစ်ပြေးဒုုက္ခသည်များ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေဆဲ ဖြစ်သည်ဟုု သူက ဆုုိသည်။
၂၀၁၅ ခုုနှစ် နုုိဝင်ဘာလ ၂၇ ရက်မှ စတင်ကာ ၄င်းတိုု့ နှစ်ဖက် တုုိက်ပွဲဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုုက္ခသည် ထောင်ချီသည် ယခုုထိ နေရပ် မပြန်နုုိင်ဘဲ ဒုုက္ခသည်စခန်းများတွင် ခုုိလှုံနေဆဲ ဖြစ်သည်။
မိုင်းရူးမြို့နယ် ဟိုက်ပါ စစ်ဘေးရှောင်စခန်းတွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတွေ့ရစဉ်။ ဓာတ်ပုံ-ဇေယျာမင်း







