ဖားကန့်မြေပြိုမှု သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးရှိ

ဖားကန့်မြေပြိုမှု သေဆုံးသူ စုစုပေါင်း ၁၃ ဦးအထိ ရှိပြီး ထိခိုက်ဒဏ်ရာရသူ လေးဦးရှိ
by -
မဇ္စျိမ
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုတွင် သေဆုံးသူပေါင်းက စုစုပေါင်း ၁၃ ဦးရှိသွားပြီး ဒဏ်ရရာသူမှာ လေးဦးရှိကြောင်း ရဲဌာနက မေ ရ ရက်တွင် ပြောသည်။

ပြီးခဲ့သည့် မေ ၅ ရက်ညက ဆိပ်မူကျေးရွာအုပ်စု စေပေါ့မှော်တွင် တစ်သုံးလုံးကုမ္ပဏီ၏ လုပ်ကွက် အနီးရှိ အမြင့် ပေ ၁၅၀၊ အကျယ် ပေ ၂၀၀ ရှိ မြေစာပုံထိပ်တွင် ရေမဆေးကျောက် ရှာဖွေကြစဉ် မြေပြိုမှုဖြစ်ပွာခဲ့ခြင်းဖြစ်သည်။

လူမှုဖူလုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ တာဝန်ရှိသူများက သေဆုံးသူများ၏ မိသားစုများအား ဖြစ်ပွားရာနေရာသို့ ဝင်ခွင့်ပိတ်ထားသည်။

ဖားကန့်ဒေသတွင် ၂၀၁၅ နိုဝင်ဘာလအတွင်း မြေပြိုမှုတစ်ခုတွင် လူပေါင်းအနည်းဆုံး ၁၀၀ သေဆုံးခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း ယင်းဒေသတွင် မြေပြိုမှုပေါင်း ၄၀ ကျော်ထက်မနည်း ဖြစ်ပွားခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...