ရှမ်းပြည်တပ်မတော်(RCSS/SSA )နှင့်TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား

ရှမ်းပြည်တပ်မတော်(RCSS/SSA )နှင့်TNLA တိုက်ပွဲဆက်လက်ဖြစ်ပွား
by -
မဇ္စျိမ
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်(TNLA)တိုု့အကြား ငါးရက်မြောက် တိုက်ပွဲ ဖြစ်ပွားနေကာ မေ ၅ ရက်နေ့တွင် မြန်မာ့တပ်မတော်မှ လက်နက်ကြီး ပစ်ကူခဲ့သည်ဟု TNLA က ပြောသည်။

 မေလ ၅ ရက် နံနက်ပိုင်းတွင် RCSS နှင့် TNLA တုုိ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နံနက် ၁၀ နာရီဝန်းကျင်တွင် မြန်မာ့ တပ်မတော်၏ တပ်မ ၃၃ က နမ့်ခမ်းမြို့နယ် မန်စံကျေးရွာမှ TNLA တပ်များ တည်ရှိသော လွယ်ဟွမ်ကျေးရွာဘက်သိုု့ လက်နက်ကြီး ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟုု TNLA မှ ပြန်ကြားရေးတာဝန်ခံ မုုိင်းအုုိက်ကျော်က ပြောသည်။

 “မနက်က မန်တုံုက ဆုုိ်င်းလိန်တောင်ပေါ်မှာ တုုိက်ပွဲဖြစ်တယ်။ နမ့်ခမ်းဘက်က လွယ်ဟွမ်ကျေးရွာနဲ့မန်စံကျေးရွာမှာ RCSS နဲ့ တုုိက်ပွဲ ဖြစ်တယ်။ ဒီတုုိက်ပွဲက ၃ နာရီ ၄ နာရီလောက်ကြာပြီးနောက် အစုုိးရ စစ်တပ်က လွယ်ဟွမ်ကျေးရွာဘက်မှ လက် နက်ကြီးနဲ့ လှမ်းပစ်တယ်။ လက််နက်ကြီးကတော့ ရွာအောက်ဘက်မှာ ကျပေါက်ကွဲတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

 မေလ ၄ ရက်က နမ့်ခမ်း၊ ကျောက်မဲနှင့် မန်တုံုမြို့နယ်များအတွင်း နယ်မြေကျူးကျော်ဝင်ရောက်လာ သည့် RCSS/SSA နှင့် TNLA တုုိ့အကြား ၅ နေရာထိ တုုိက်ပွဲ ဖြစ်ပွားခဲ့ပြီး ထုုိတုုိက်ပွဲ ဖြစ်နေသော နမ့်ခမ်းနှင့် မန်တုံုမြို့နယ်အတွင်းရှိ RCSS/SSA၏ ယာယီတပ်စခန်း ၃ ခုုကုုိ သိမ်းဆည်းနုုိင်ခဲ့သည်ဟုု သူက ပြောသည်။

 မေလ ၁ ရက်မှ ၅ ရက်ထိ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း နှစ်ဖက် အကျအဆုံုးများ ရှိသော်လည်း အတိအကျ မသိသေးကြောင်း သူက ဆုုိသည်။

 တုုိက်ပွဲ ဖြစ်ပွားနေမှုအပေါ် ဖြေရှင်းရန်နှစ်ဖက် သဘောတူညီခဲ့သော်လည်း နှစ်ဖက် တွေ့ဆုံုဆွေးနွေးရန် နေရာ အခက် အခဲကြောင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုု ကြားဝင် ညှိနှိုင်းဆောင်ရွက်ပေးနေသော ညီညွတ်သော တုုိင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ငါးဦးပါ ကော်မတီက ငါးဦးကော်မတီတွင် ပါဝင်သူ ဦးထွန်းဇော်က ပြောသည်။

 “နှစ်ဖက် မျက်နှာချင်းဆုုိင် ထုုိင်ပြီးတော့မှ ဆွေးနွေးရင်တော့ ပုုိပြီးတော့ ပြေလည်စရာအကြောင်းရှိမယ်။ အဲဒါကြောင့် စကားပြောနုုိင်ဖုုိ့ အခင်းအကျင်းတော့ ကျွန်တော်တိုု့ဘက်က ဖန်တီးပေးရမယ်။ မြန်မြန်ဆန်ဆန်ဖြစ်ဖုုိ့အတွက် နေရာကိုု ထပ်ညှိ ပေးနေပါတယ်၊ ဒီလုုိ ညှိနေတုုန်း ပြဿနာတွေ ထပ်တက်တာပေါ့လေ။ မြေပြင်မှာ ထပ်ပြီး ဖြစ်လာတော့ ကျနော်တိုု့လည်း စိတ်မကောင်းဘူး။ အခုုလည်း မြန်မြန်ဖြစ်အောင်တော့ ညှိနေပါတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

 TNLA ဘက်မှ သွားရေးလာရေး အဆင်မပြေသဖြင့် တရုုတ်နယ်စပ် မုုိင်းလားဒေသတွင် တွေ့ဆုံဆွေးနွေးလုုိသော်လည်း RCSS ဘက်ကမူ ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် တွေ့ဆုံုဆွေးနွေးရန် အဆုုိပြုထားသဖြင့် တွေ့ဆုံုမည့် နေရာ အခက်အခဲဖြစ်နေခြင်း ဖြစ်သည်ဟုု သူက ပြောသည်။

 ပြီးခဲ့သည့် ၂၀၁၅ ခုုနှစ် အောက်တုုိဘာလ ၁၅ ရက်က အစုုိးရ နှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း (NCA) ရေးထုုိးခဲ့ပြီးနောက် RCSS သည်TNLA တပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသများသုုိ့ နယ်မြေကျူးကျော်ဝင်ရောက်လာသဖြင့် ထုုိနှစ် နုုိဝင်ဘာလ ၂၇ ရက်မှစတင်၍ RCSS နှင့် TNLA တုုိ့ တုုိက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုု TNLA ဘက်မှ ပြောဆုုိထားသည်။

 RCSS ဘက်မှလည်း လက်ရှိ တုုိက်ပွဲဖြစ်ပွားနေသော နေရာများသည် ၂၀၀၆ ခုုနှစ်ကတည်းက အခြေချနေသော နေရာများ ဖြစ်သည်ဟုု RCSSမှ ပြောရေးဆုုိခွင့်ရှိသူ ဒုုဗုုိလ်မှူးကြီး စုုိင်မိဏ်းက မဇ္စျိမကုုိ မကြာမီက ပြောဆုုိထားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...