စစ်ဘေးရှောင်များမှာ ရှမ်း/မြောက် မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ လောက်ကိုင်၊ ရှမ်း/တောင် မိုင်းရှူးတို့တွင်ခိုလှုံ လျက်ရှိပြီး လာမည့် မိုးကာလအတွက် စားနပ်ရိက္ခာများ၊ သွပ်မိုး၊သောက်ရေ၊ နေရာထိုင်ခင်း နှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးထောက်ပံ့မှုများ လိုအပ်နေကြောင်း စခန်းတာဝန်ခံ၏ ပြောပြချက်ရ သိရသည်။
ယင်းစစ်ဘေးရှောင်များအတွက် ရန်ပုံငွေရှာဖွေပွဲတစ်ရပ်ကို တအာင်း အနုပညာရှင် နှင့်စာပေ၊ယဉ်ကျေးမှုအဖွဲမှ မေ ၁၂ရက်နေ့တွင် ရန်ကုန်တွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
“လိုအပ်နေသော အစားအသောက်နှင့်နေရာထိုင်ခင်းများ၊ မိုးတွင်းကာလရောက်ရှိလာမည် ဖြစ်သဖြင့် အမိုးအကာများ၊ လိုအပ်နေသော အထွေထွေကိိုု ကိုယ်တိုင်သွားရောက် လှူဒါန်းမည်”ဟုု ပွဲဖြစ်မြောက်ရေးကော်မတီမှ မိုင်းနိုင်နိုင်ဦးက ပြောပြသွားပါသည်။
ထိုရန်ပုံငွေရှာဖွေပွဲကို တအာင်း အနုပညာရှင်နှင့်စာပေ၊ ယဉ်ကျေးမှုအဖွဲ့မှ ရန်ကုန်မြို့ရှိ MCCခန်းမတွင် မေ ၁၂ ရက်ညနေ၆-၁၀နာရီ အတွင်း ဝင်ကြေးလက်မှတ် တစ်စောင်၅၀၀၀နှုန်းဖြင့်် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ မည်သူမဆို ပါဝင်ကူညီတက်ရောက် လှူဒါန်းနိုင်ကြောင်း ၎င်းကဆိုသည်။
အဆိုပါပွဲတွင် နိုင်ငံကျော် အဆိုတော်များနှင့်အတူ တအာင်းတိုင်းရင်းသား အဆိုရှင်များ၊ တအာင်းအနုပညာ အသိုင်းအဝိုင်းများ၊ တအာင်းရိုးရာ အကများနှင့် အခြားတိုင်းရင်းသား အဆိုအကများလည်း ပါဝင်မည် ဖြစ်ကြောင့်သိရသည်။
ယင်းအပြင် ရခိုင်စစ်ဘေးသင့် ၁၀၀၀ကျော် အတွက်လည်း ကောက်ခံရရှိသော အလှူငွေများ လှှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။







