မြန်မာနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အားပေးကူညီသွားမည်ဟု အမေရိကန်သံအမတ်အသစ် ပြော

မြန်မာနိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အားပေးကူညီသွားမည်ဟု အမေရိကန်သံအမတ်အသစ် ပြော
by -
မဇ္စျိမ
 မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် စကော့မာဆီယယ်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အားပေးကူညီသွားမည်ဖြစ်ကြောင်း သူ၏နှုတ်ခွန်းဆက်စကားတွင် အလေးပေးပြောကြားခဲ့သည်။

အင်္ဂါနေ့က အမေရိကန်သံအမတ်နေအိမ်တွင်ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် မိတ်ဆက်ပွဲတွင် စကော့မာဆီယယ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတွင် ကျင်းပသောအဆိုပါပွဲတွင် မစ္စတာစကော့မာဆီယယ်က ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာ၏ အရေးကြီးပုံကိုလည်း အလေးပေး ပြောကြားသွားခဲ့သည်။

စကော့မာဆီယယ်သည် ယခင်မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သမ္မတဟောင်း ဒဲရစ်မစ်ချယ်ထံမှ ပြီးခဲ့သောလပိုင်းအတွင်း က တာဝန်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲသို့ United States Agency for International Development (USAID) ၏အကြီးအကဲ ဂယ်လီစမစ် လည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် သမိုင်းဝင်ကာလတစ်ခုကို ဖြတ်သန်းနေခြင်း ဖြစ်ကြောင်း အသားပေးပြောကြားသွားခဲ့သည်။

'' ကျွန်မတို့အားလုံးထက်ပိုပြီး ကြီးမားခမ်းနားတဲ့ ဖြစ်စဉ်တစ်ခု အခုဒီမှာဖြစ်ပေါ်နေပြီလို့ ကျွန်မထင်တယ် '' ဟု သူမက ပြောကြားသည်။ ထို့ပြင် လွတ်လပ်စွာဖော်ထုတ်ပြောဆိုခွင့်၏ အရေးကြီးပုံကိုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

ဂယ်လီစမစ်သည် ဧပြီလ၊ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိလာပြီးနောက် နိုင်ငံတဝှမ်းလှည့်လည်သွားလာကာ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရ နှင့် အခြားပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ထိုကဲ့သို့သူမတွေ့ဆုံခဲ့သူများအပေါ် ဂယ်လီစမစ်က လေးစားအထင်ကြီးလျှက်ရှိပြီး '' အောင်မြင်မှုရဖို့လိုအပ်နေတာတွေ အားလုံး ဒီနိုင်ငံနယ်နမိတ်ထဲမှာတင်ပဲ ရှိနေပါတယ် '' ဟု ပြောကြားခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...