စစ်တွေဒုက္ခသည်စခန်းတွင် မီးလောင်၊ လူဦးရေ ၁၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်

စစ်တွေဒုက္ခသည်စခန်းတွင် မီးလောင်၊ လူဦးရေ ၁၈၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်
by -
မဇ္စျိမ
ဓာတ်ပုံ-ကျော်မင်း
ဓာတ်ပုံ-ကျော်မင်း
စစ်တွေမြို့ရှိ ဘောဒူဖ ဒုက္ခသည်စခန်းတွင် ယနေ့ မေ ၃ ရက်နေ့ မနက် ၉ နာရီအချိန်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သည့်နေရာမှာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ဆူပူမှုတွင် တိမ်းရှောင်ထွက်ပြေးနေရသူ အစ္စလမ်ဘာသာဝင်များအတွက် ယာယီဒုက္ခသည်စခန်းများအဖြစ် နေရာချပေးထားသည့် စခန်းတစ်ခုဖြစ်ပြီး ဘောဒူဖ စခန်း အမှတ်(၁) မှ  စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ လောင်ကျွမ်းချိန် ၁ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး အခန်းရှစ်ခန်းစီပါရှိတဲ့ စခန်းတွဲပေါင်း ၅၉ တွဲ ပါရှိသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ပေါင်း ၁၈၀၀ ခန့်ထိ ရှိခဲ့ကြောင်း သိရသည်။

"မီးက စလောင်လောင်ချင်းမှာ ကျနော်တို့ ငြိမ်းသတ်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် မီးက အရမ်းပြင်းတော့ ထိန်းမနိုင်ဘူး။ တစ်ဆောင်ပြီးတော့ တစ်ဆောင် ကူးလာတယ်။ အဲဒီနောက် မီးညွန့်တွေက အရမ်းပြင်းလာတဲ့အခါကျမှ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေရောက်လာပြီးမှ မီးငြိမ်းနိုင်ခဲ့တာပါ။ " နေအိမ်မီးလောင်ကျွမ်းခံခဲ့ရသူ ဦးမောင်မောင်က မဇ္စျိမက ပြောကြားခဲ့သည်။

လက်ရှိအချိန်မှာ မီးဘေးဒုက္ခသည် လူပေါင်း ၁၈၀၀ ကျော်လောက်ကို အနီးအနားက ရပ်ရွာများက ထမင်းထုပ်တွေ ပေးကမ်းနေပြီး၊ သက်ဆိုင်ရာဌာနများကပါ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး ကွင်းဆင်းဆောင်ရွက်နေသည့် စစ်တွေခရိုင်ရဲမှူး ဦးဝင်းနောင်က "  ခုချိန်ထိတော့ အသေအပျောက် စာရင်းမရှိသေးဘူး။ မရှိလောက်လို့ ယူဆပါတယ်။ မီးဘေးဒုက္ခသည်တွေကို နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာနရဲ့ အစီအမံတွေနဲ့ ပြန်လည်နေရာချထားပေးရေးတွေ ဆောင်ရွက်ပေးနေပါတယ်။ စားနပ်ရိက္ခာတွေနဲ့ တခြားလိုအပ်တဲ့ အကူအညီတွေရရှိဖို့လည်း အမြန်ဆုံး စီစဉ်နေပါတယ်" ဟု မဇ္စျိမကို ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုမှာ မေလ ၃ ရက် နံနက် ၉ နာရီအချိန်က စစ်တွေမြို့နယ် ခေါင်းဒုတ်ကာကျေးရွာအုပ်စု ဘောဒူဖ (၂) ဘင်္ဂါလီ IDP ဒုက္ခသည်စခန်း အဆောင် (၁) အခန်း (၄)တွင် နေထိုင်သူ ဦးအာတူဟဲ(ဘ)ဦးဒူဒူမျှာ နေအိမ်၌ထမင်းချက်ရာမှ အနီးရှိ ဝါးထရံအား မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပေါ့ဆမီးကြောင့် ဘင်္ဂါလီဒုက္ခသည်များ နေထိုင်သော ၈ ခန်းတွဲ တဲတန်းလျား ၅၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဘင်္ဂါလီမိသားစု ၄၄၈ စု၊ လူဦးရေ ၁၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်းတစ်ထောင့်သုံးရာကျော်ခန့် ပျက်စီးခဲ့ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...