ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ALP တိုက်တွန်း

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် ALP တိုက်တွန်း
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်သွားကြရန် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အထွေထွေအတွင်းရေးမှူး   ဒေါ်စောမြရာဇာလင်းက တိုက်တွန်းပြောကြားလိုက်သည်။

လတ်တလောတွင် ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အဖွဲ့တစ်ခုဖြစ်သည့် AAအဖွဲ့တို့အကြားတိုက်ပွဲများ ပြင်းထန်နေခြင်းအပေါ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်မတို့ကတော့ ငြိမ်းချမ်းရေးကို လိုလားတယ်။ အခုတိုက်ပွဲတွေဖြစ်တယ်။ လူအသေ အပျောက် တွေရှိ တယ်။ အဲဒီလိုတွေ ဖြစ်နေတာကို ကျွန်မတို့ကတော့ မမြင်တွေ့လိုတော့ဘူး။ ပြဿနာတွေကတော့ ရှိမယ်။ အဲဒီပြဿနာတွေအားလုံးကို စားပွဲပေါ်မှာ အဖြေရှာခြင်းကသာ အကောင်းဆုံးသော နည်းလမ်းဖြစ်တယ်လို့ ကျွန် မတို့က ရှုမြင်တယ်”ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ တိုက်ပွဲများ ပြင်ထန်လာနေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး ဦးဆောင်သည့် UPWC မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသွားရန် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်အတွင်းက ကမ်းလှမ်းခဲ့သော်လည်း AAအနေဖြင့် လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။

ယခုကဲ့သို့ ပြည်နယ်တွင်း လက်နက်ကိုင်ပဋိပက္ခများနေမှုနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကလည်း " ကျွန်တော်တို့ကတော့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းကြပါ။ စစ်မှန်တဲ့ ပြည်ထောင်စုဆိုတဲ့ မူဘောင်တစ်ခုကို ရောက်အောင် အားလုံးသည်းခံပြီးမှ ကြားကလူထုမြေဇာပင် မဖြစ်အောင် ဆောင်ရွက်ပေးကြပါလို့ ပြော လိုတာပေါ့"ဟု မဇ္စျိမကို ပြောကြားထားသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒေသခံ ၁၀၀၀ ကျော် ရှိနေပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက်အိုး အိမ်စည်းစိမ်လုံခြုံရေးတို့အတွက် တပ်မတော် အနေဖြင့် AA အဖွဲ့ကို အပြီးတိုင်ချေမှုန်းသွားမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...