အိုင်စီအာရ်စီက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းရသူများကို အရေးပေါ်အကူအညီပေး

အိုင်စီအာရ်စီက ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွေ့ပြောင်းရသူများကို အရေးပေါ်အကူအညီပေး
by -
မဇ္စျိမ
ရခိုင်ပြည်နယ်တွင်းရှိ တိုက်ပွဲများကြောင့် ဘူးသီးတောင်နှင့် ကျောက်တောင်မြို့နယ်များအတွင်းမှ ခိုလှုံလာသူ ၅၀၀ ခန့်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာရ်စီ) က အရေးပေါ် အကူအညီများပေးလျက်ရှိကြောင်း မေလ ၃ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

ဘူးသီးတောင်မြို့နယ်ရှိစည်တောင်ကျေးရွာ၊ ကျောက်တော်မြို့နယ်ရှိ သလူချောင်းကျေးရွာနှင့် ပညာဝကျေးရွာရှိ  လူဦးရေ ၅၀၀ခန့်အား အိုင်စီအာရ်စီသည် အိုးခွက် ပန်းကန်များ၊ မီးဖိုချော််သုံးပစ္စည်းများ၊ ခြုံစောင်များ၊ ခြင်ထောင်များနှင့် မီးဖွားရာတွင်သုံးသော တစ်ခါသုံးပစ္စည််းများ စသည့်တို့ကို ထောက်ပ့ံခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

ဧပြီလလယ်အတွင်းတိုက်ပွဲများကြောင့်  လူ၁,၀၀၀ ကျော်သည် ရသေ့တောင်နှင့် ဘူးသီးတောင်၊ ကျောက်တောင်မြို့နယ်များအတွင်းမှ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး  ရွှေ့ ပြောင်းသူအများစုသည် စာသင်ကျောင်းနေထိုင်ကာ အချို့မှာဆွေမျိုးများနှင့် လက်ခံအိမ်များတွင် နေထိုင်လျက်ရှိကြောင်း အိုင်စီအာရ်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

"စာသင်ကျောင်းတွေမှာလည်း လူတွေပြည့်ကျပ်နေပါတယ်။ ဒီလူတွေဟာကြမ်းပြင်ပေါ် ဒါမှမဟုတ် တာပေါ်လင်းပေါ်မှာပဲ ဒီအတိုင်းအိပ်စက်နေကြရပါတယ်" ဟုမောင်တောမြို့ရှိ အိုင်စီအာရ်စီရုံးခွဲတာဝန်ခံ  မစ္စတာဝေချောင်ရစ်က ပြောသည်။

ရခိုင်ပြည်နယ်ရှိ အိုင်စီအာရ်စီကိုယ်စားလှယ်ရုံးတာဝန်ခံ မစ္စအယ်လီယန်နာဘနာ့ဒ်က"နဂိုကတည်းက ရေရှားပါးမှုနဲ့ရင်ဆိုင်နေရတဲ့ နယ်ခံ အိမ်ရှင်လူထုအတွက် ပိုပြီးအခက်တွေ့စေမှာဖြစ်တဲ့အတွက် ဒီ အခြေအနေအတိုင်းသာ ဆက်သွားနေရင် မကြာခင်မှာ ရေပြဿနာဟာ စိုးရိမ်စရာဖြစ်လာနိုင်ပါတယ်" ဟုပြောသည်။

အိုင်စီအာရ်စီက လာမည့်ရက် သတ္တပတ်အကုန်တွင် ရေဖြန့်ဖြူးပေးသွားမည်ဟု ၎င်းကဆိုသည်။

အိုင်စီအာရ်စီသည် ၂၀၁၂ ခုနှစ်တွင်ရခိုင်ပြည်နယ်သို့ စတင်ရောက်ရှိပြီး စစ်တွေနှင့် မြောက်ဦးမြို့များတွင် ရုံးများဖွင့်လှစ်ကာ ယခုနှစ်တွင် မောင်တောမြို့တွင်လည်း ရုံးဖွင့်လှစ်ခဲ့သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...