TLNA ထိုးစစ်ဆင်မှု ငြိမ်းချမ်းစွာညှိနှိုင်လိုခြင်းမရှိ၍ဖြစ်ကြောင်း RCSS ဝေဖန်

TLNA ထိုးစစ်ဆင်မှု ငြိမ်းချမ်းစွာညှိနှိုင်လိုခြင်းမရှိ၍ဖြစ်ကြောင်း RCSS ဝေဖန်
by -
မဇ္စျိမ
TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်လာမှုမှာ ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာလိုခြင်းမရှိ၍ ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA)က ပြောကြားလိုက်သည်။

မေလ ၁ရက်နေ့က စတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းဝီးမြို့နယ်အတွင်း၌ RCSS နှင့် TNLA တို့ တိုက်ပွဲများ ပြင်ထန်ခဲ့ခြင်းနှင့် ပတ်သက်၍ RCSS က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

" မိမိတို့ ရှမ်းပြည်တပ်မတော် အား ထိုးစစ်ဆင် စတင်တိုက်ခိုက်လာခြင်းမှာ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာသည့် နည်းလမ်းများဖြင့် ညှိနှိုင်းအဖြေရှာလိုသည့် ဆန္ဒမရှိသည်ကို ထင်ရှားစွာ မြင်နိုင်ကြောင်း" ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

TNLAနှင့် RCSS အဖွဲ့တို့သည် ၂၀၁၅ ခုုနှစ် နုုိဝင်ဘာလ ၂၇ ရက်မှစတင်၍ တုုိက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီနောက် တိုက်ပွဲများရပ်တန့်နေခဲ့ရာမှ မေလ ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်မြောက်ပုုိင်း မုုိင်းဝီးမြို့ နယ် ဆုုိင်းလိန်ကျေးရွာ အနီးတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိ တုုိက်ပွဲဖြစ်ပွားသော နယ်မြေများတွင် ယခင်က RCSS အခြေချခြင်းမရှိဘဲ TNLA ထိန်းချုပ်နယ်မြေများ ဖြစ်ပြီး NCA လက်မှတ်ရေးထုုိးပြီးနောက်ပိုင်းမှသာ ၀င်ရောက်လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားရသည် ဟု TNLAတပ်ဖွဲ့မှာ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်က မဇ္စျိမသို့ ပြောကြားထားသည်။

အဆိုပါ ပဋိပက္ခများ ပြေလည်မှုရရှိရန် ဧပြီလ ၂၃ ရက်က UNFC နှင့် ဝ ပြည်သွေးစည်းညွတ်ရေးပါတီ (UWSP)တုုိ့ အား ကြားဝင် ဖြေရှင်းပေးရန်  RCSS က စာရေးသားအကြောင်းထားသော်လည်း လက်ရှိ အချိန်ထိ တွေ့ဆုံ ဆွေးနွေးနိုင်ခြင်းမရှိသေးဘဲ ယခုကဲ့သို့ တိုက်ပွဲများထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...