ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အမြန်ဆုံးလွှတ်ပေးရန် Burma Campaing UK တောင်းဆို

ကျန်ရှိနေသည့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများကို အမြန်ဆုံးလွှတ်ပေးရန် Burma Campaing UK တောင်းဆို
by -
မဇ္စျိမ
 ဇော်ဇော်လတ်၊ ပွင့်ဖြူလတ် နှင့် ဇော်ဝင်းဘို တို့အပါအဝင် ကျန်ရှိနေသေးသည့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေရသူ များအားလုံးကို အမြန်ဆုံးလွှတ်ပေးရန် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးဆောင်ရွက်လျှက်ရှိသည့် Burma Campaing UK ကတောင်းဆိုလိုက်သည်။

ဇော်ဇော်လတ်၊ ပွင့်ဖြူလတ်နှင့် ဇော်ဝင်းဘို တို့ သုံးဦးသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါး တည်ထောင်ထားသည့် ဘာသာပေါင်းစုံချစ်ကြည်ရေးဖော်ဒေးရှင်းတစ်ခုဖြစ်သော သင့်မြတ်လိုသူများအဖွဲ့မှ မူစလင် နှင့် ဟိန္ဒူဘာသာဝင် စည်းရုံးရေးမှူးများဖြစ်သည်။

ဇော်ဇော်လတ်ကို ဗုဒ္ဓဘာသာကို စော်ကားသူအဖြစ်နှင့် ဖမ်းဆီးပေးရန် အမျိုးဘာသာကာကွယ်စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် အခြားအမျိုးသားရေးဝါဒီများက လူမှုကွန်ယက်တွင် စည်းရုံးလှုံ့ဆော်မှု တစ်ရပ်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် အာဏာပိုင်များက ၎င်းကိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ဇော်ဇော်လတ်ကို ဖမ်းဆီးပြီးမကြာမီတွင် ၎င်း၏လုပ်ဖော်ကိုင်ဘက်နှစ်ဦးဖြစ်သူ ပွင့်ဖြူလတ် နှင့် ဇော်ဝင်းဘိုတို့ကို ပါဆက်လက်ဖမ်းဆီးခဲ့သည်။

၎င်းတို့ ၃ ဦးသည် ဘာသာပေါင်းစုံချစ်ကြည်ရေးခရီးစဉ်အတွင်း ကချင်ပြည်နယ်သို့သွားရောက်စဉ်တွင် KIO တပ်ဖွဲ့ထံသွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း သို့လည်း တရားမဝင်ဝင်ရောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ကြေညာခဲ့သည်။

၎င်းတို့ကို မတရားအသင်းဥပဒေ ပုဒ်မ ၁၇(၁) နှင့် ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေတို့ဖြင့် စွဲချက်တင်ခဲ့သည်။ သို့သော်ဇော်ဝင်းဘိုမှာ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်းမရှိသဖြင့် လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့်သာ စွဲချက်တင်ခံခဲ့ရသည်။

၂၀၁၆ ဖေဖော်ဝါရီလ၊ ၂၆ ရက်နေ့တွင် ဇော်ဇော်လတ်၊ပွင့်ဖြူလတ် နှင့် ဇော်ဝင်းဘိုတို့သည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီး ၂၀၁၆၊ ဧပြီလ၊ ၈ ရက်နေ့တွင် ဇော်ဇော်လတ် နှင့် ပွင့်ဖြူလတ်တို့ မှာ မတရားအသင်းဥပဒေအရ ထောင်ဒဏ် ၂ နှစ်ထပ်မံချမှတ်ခြင်းခံခဲ့ရသည်။ လက်ရှိအချိန်တွင် ၎င်းတို့ ၃ ဦးသည် မန္တလေးရှိ အိုးဘိုအကျဉ်းထောင်တွင် ၎င်းတို့၏ပြစ်ဒဏ်များကို ကျခံနေရသည်။

"အခြားတက်ကြွလှုပ်ရှားသူတွေ ထောင်ကနေလွတ်နေတဲ့အချိန်မှာ ဘာသာပေါင်းစုံချစ်ကြည်ရေး တက်ကြွလှုပ်ရှား သူတွေက ပြစ်ဒဏ်တွေပိုကျခံနေရတာ ကို ကျွန်တော်တကယ်ပဲဝမ်းနည်းမိပါတယ် " ဟု Burma Campaign UK ၏ စည်းရုံးရေးအရာရှိ ဝေနှင်းက ပြောကြားသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...