ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေး

ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် တာဝန်ပေး
by -
မဇ္စျိမ
ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တာဝန်ယူဆောင်ရွက်မည့် ဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ် ဒေါက်တာ တင်မျိုးဝင်းကို တာဝန်ပေးအပ်လိုက်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ ့ဝင်များ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အာင်ဆန်းစုကြည်တို ့နေပြည်တော်ရှိ Horizon Lake View Hotel တွင် ယနေ ့နေ ့လယ်ပိုင်းကတွေ ့ဆုံရာတွင် ဒေါက်တာတင်မျိုးဝင်းကို ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေးပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။

“အခုကတော့ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံအတွက် အခြေခံကျတဲ့ ပြဿနာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ငြိမ်းချမ်းရေးကို သူတာဝန်ယူပြီး ဆောင်ရွက်တဲ့အခါမှာ ဒေါက်တာတင်မျိုးဝင်းကို ဒီငြိမ်းချမ်းရေးနဲ ့ပက်သက်တဲ့ ဖြစ်စဉ်တွေမှာ ဆက်သွယ်ရေး ပုဂ္ဂိုလ်အဖြစ်ပေါ့လေ ဒီလို သတ်မှတ်ပြီးတော့ ဆောင်ရွက်သွားဖို ့ရှိပါတယ်” ဟု ယနေ ့တွေ ့ဆုံပွဲတွင်ပါ၀င်ခဲ့သည့် (JMC-U) အဖွဲ ့ဝင် ဦးကိုကိုကြီးကပြောသည်။

ဒေါက်တာတင်မျိုးဝင်းအား ဒေါ်အောင်ဆန်းစုကြည် နှင့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးပုဂ္ဂိုလ် အဖြစ် ခန် ့ထားခြင်းဖြစ်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)၏ အဖွဲ ့ဝင်အဖြစ် ခန် ့အပ်ခြင်း မဟုတ်ကြောင်း ဦးကိုကိုကြီးက ရှင်းပြသည်။

ဒေါက်တာတင်မျိုးဝင်းသည် ရွေးကောက်ပွဲပြီးကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်မှ ရွေးချယ်တင်မြောက်မည့် သမ္မတလောင်းအဖြစ် ထင်ကြေးပေးခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်ဖြစ်သည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...