ရခိုင်စစ်ပြေးဒုက္ခသည် ၁၄၀၀ကျော်ရှိ

ရခိုင်စစ်ပြေးဒုက္ခသည် ၁၄၀၀ကျော်ရှိ
by -
မဇ္စျိမ
စစ်ဘေးတိမ်းရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - CJ)
စစ်ဘေးတိမ်းရှောင်ဒုက္ခသည်များ (ဓာတ်ပုံ - CJ)
မြန်မာ့တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(AA)တုုိ့အကြား ရက်သတ္တပတ်ကြာ တုုိက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ပြေးဒုုက္ခသည် ၁၄၀၀ ကျော်ထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၆ ရက်နေ့မှ ၂၃ ရက်ထိ ရခုုိင်ပြည်နယ် ရသေ့တောင်၊ ကျောက်တော်နှင့် ပုုဏ္ဏားကျွန်းမြို့နယ်များတွင် မြန်မာ့ တပ်မတော်နှင့် AA တုုိ့အကြား တုုိက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သဖြင့် ၄င်းမြို့နယ်များမှ စစ်ပြေးဒုုက္ခသည် ၁၄၀၀ ကျော်သည် မြို့ပေါ်သုုိ့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟုု AA မှ ပြန်ကြားရေးတာဝန်ခံ ခုုိင်သုုခက ပြောသည်။

“အခုုက ရွာတော်တော်များများ မနေရဲဘဲ။ သူတိုု့ အုုိးအိမ်တွေကုုိ စွန့်ခွာပြီးတော့မှ ပုုဏ္ဏားကျွန်းမြို့နယ် မြို့နဲ့ နီးတဲ့နေရာတွေကုုိ ပြေးတာရှိတယ်။ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ထဲကုုိလည်း   ပြေးတာတွေရှိတယ်။ ဆုုိတော့ အခုု ဘူးသီးမြို့နယ်ထဲမှာ ရ၀၀ ကျော် ၈၀၀ လောက်ရှိတယ်။ ရသေ့တောင်မြို့နယ်ထဲတွင် ယုုိးချောင်းကျေးရွာမှာ သွားပြီးခုုိလှုံတာ၊ တကောင်း ချောင်းတုုိ့မှာ သွားခုုိလှုံနေတာတွေရှိတယ်။ အကုုန်လုံုးပေါင်းလုုိက်ရင်တော့ အနည်းဆုံုး စစ်ရှောင်ဒုုက္ခသည်က ၁၄၀၀ ကျော်လောက်တော့ ရှိတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။

ယနေ့တွင် တုုိက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေဆဲ ဖြစ်သလုုိ၊ အခြား တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများ၏   ဒေသများသိုု့လည်း   မြန်မာ့တပ်မတော်မှ ထုုိးစစ်ဆင်မှုများ ဆက်လက် လုုပ်ဆောင်နေသဖြင့် ဒုုဗုုိလ်ချုပ်ကြီး ခင်ဇော်ဦး ပါဝင်သော ယခင်အစုုိးရ အဖွဲ့ ကုုိယ်စားလှယ်များနှင့် အလွတ်သဘောတွေ့ဆုံုမှုကုုိ ငြင်းဆုုိလုုိက်ကြောင်း ခုုိင်သုုခက မဇ္စျိမကုုိ ပြောသည်။

စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် စားသောက်ရေးအတွက် အစောပိုုင်းက ကူညီခဲ့သော လူမှုအဖွဲ့အစည်းများ ဖြစ်သော်လည်း ယမန်နေ့မူ ရခုုိင်ပြည်နယ်အစုုိးရမှ လာရောက်ကြည့်ရှုမှုများရှိသည်ဟုု လူထုုအခြေပြုကွန်ယက်မှ ကုုိသိန်းလှက မဇ္စျိမကုုိ ပြောသည်။

“စာရင်းအတိအကျတော့ မရသေးဘူး။ ကျောက်တော်ဘက်က စာရင်းတွေတော ့မထွက်လာသေးဘူး။ တချို့ ရွာအပြင်ဘက်က မထွက်ဘဲ ရွာထဲမှာပဲ နေတဲ့လူတွေရှိတယ်။ စခန်းအနေနဲ့ ထည့်ဖုုိ့ ခက်တယ်။ တစ်ချို့ရွာတွေက ကျနော်တုုိ့က စခန်းချတာ အစုုိးရအဖွဲ့ကနေ သူတုုိ့ကုုိ အပြင်ကုုိ ထွက်ခွင့်မပေးထားတဲ့ ရွာတွေ ရှိတယ်။ သူတုု့ိကုုိလည်း စာရင်းထည့်လုုိ့ မရဘူး။ တချို့က သူတိုု့က ရွာ အနီးအနားက ရွာတွေမျာ ထွက်ပြေးနေရတယ်”ဟုု သူက ပြောသည်။

AA သည် ဦးသိန်းစိန်အစုုိးရနှင့် တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း(NCA)လက်မှတ်ရေးထုုိးနုုိင်ရန် ကြိုးပမ်းခဲ့သော်လည်း အစုုိးရဟောင်းဘက်မှ လက်မခံခဲ့ပေ။

တုုိက်ပွဲများ ဖြစ်ပွားနေသဖြင့် မြန်မာ့တပ်မတော် အငြိမ်းစား ဒုုဗုုိလ်ချုပ်ကြီး ခင်ဇော်ဦး ပါဝင်သော ကုုိယ်စားလှယ်များက AA အပါအဝင် ကုုိးကန့်နှင့် ပလောင် လက်နက်ကုုိင် အဖွဲ့ သုံုးဖွဲ့ကုုိ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့မှုကုုိ ဧပြီလ ၂၆ ရက်က ငြင်းပယ်လုုိက်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...