မြန်မာ့တပ်မတော်မှ ဧပြီ ရ ရက်မှ ယနေ့အချိန်ထိ KIO/KIA ဌာနချုပ် လုုိုုင်ဇာအနီး တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၁၈ နယ်မြေအတွင်း ရှေ့တန်းစတပ်စခန်းများသုုိ့ ထုုိးစစ်ဆင် တုုိက်ခုုိက်ခြင်းအား KNO က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချကြောင်း KNO က ဧပြီ ၂၄ ရက်က ကြေငြာချက် ထုုတ်ပြန်လုုိက်ခြင်း ဖြစ်သည်။
“အခုုလုုိမျိုးတဖက်သတ် စစ်ဆင်လာမယ်ဆုုိရင်တော့ ကျနော်တုုိ့လူထုုကုုိ ကာကွယ်ဖုုိ့က တာဝန်ရှိတယ်။ ကျနော်တိုု့ လူထုုနဲ့ ကာကွယ် သင့်ပြီဆုုိရင်တော့ ကာကွယ်မယ်။ ကျနော်တုုိ့က ကေအန်အုုိက စစ်ရေးတွေကုုိ ကေအုုိင်အုုိကုုိ အားလုံုး အပ်ထားတယ်။ ဒါပေမဲ ့အခုုလုုိ ကုုိယ့်နယ်မြေစုုိးမုုိုုးဖုုိ့ စစ်ရေးနဲ့ စစ်ဆင်လာမယ် ဆုုိရင်တော့ တကျော့ပြန် စဉ်းစားရမယ့်အချက်ဘဲ”ဟုု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်က ပြောသည်။
မြန်မာ့တပ်မတော်အနေဖြင့် ကချင်ပြည်နယ်အတွင်း ထုုိးစစ်ဆင်တုုိက်ခုုိက်ခြင်းများ ဆက်လက် ပြုလုုပ်နေမည်ဆုုိပါက မိမိတုုိ့ KNO အနေဖြင့် ကချင်ပြည်အတွင်းရှိ ပြည်သူပြည်သားများနှင့် လက်တွဲကာ ကချင်ပြည်ကြီးကုုိ ကာကွယ်မည့် စီမံကိန်းကြီးကုုိ အားထုုတ်ကြိုးပမ်းအကောင်အထည်ဖော်လုုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြေငြာချက်တွင် ဖော်ပြထားသည်။
လူထုုထောက်ခံမှုဖြင့် တက်လာသည့် အစုုိးရသစ် တက်လာပြီး မကြာမီတွင် ကချင်ပြည်နယ် KIO/KIAနယ်မြေအတွင်းသုုိ့ ထုုိးစစ်ဆင် တုုိက်ခုုိက်လာခြင်းသည် မလုုပ်သင့်သော လုုပ်ဆောင်မှုဖြစ်ပြီး နုုိင်ငံရေး ပြဿနာကုုိ နုုိင်ငံရေးနည်းဖြင့် ဖြေရှင်းရန် သူက မဇ္စျိမကုုိ ပြောသည်။
“စစ်ရေးနဲ့ဖြေရှင်းတဲ့စနစ်ကုုိ တကျော့ပြန် သုံုးတဲ့ အပြုအမူကုုိ ကျနော်တိ့ုု KNOကနေ ရှုံ့ချရခြင်း ဖြစ်တယ်”ဟုု သူက ပြောသည်။
အစုုိးရ သစ်အနေဖြင့် တပ်မတော်ဘက်မှ ထုုိးစစ်ဆင်မှုလုုပ်ဆောင်မှုများကုုိ ရပ်တန့်ရန် ညွှန်ကြားရမည် ဖြစ်သလုုိ၊ မရပါက အရေးယူမှုများ လုုပ်ဆောင်သင့်ကြောင်း ဒူဝါ ဘောမ်ဝမ်လရောက ပြောသည်။
“အစုုိးရသစ်ကလည်း တပ်ကုုိ မ changeနုုိင်တဲ့အကြောင်းတရားလုုိ့လည်း ပြောကြတယ်။ ဒါပေမဲ့ တပ်ဆုုိတာက အစိုုးရ အောက်မှာ ဖြစ်တယ်။ အစိုုးရရဲ့ အမိန့်ကုုိ မနာခံဘူးဆုုိရင် တပ်ကုုိလည်း အစုုိးရက အရေးယူရမယ်။ အစုုိးရရဲ့ အမိန့်ကုုိ မနာခံဘူးဆုုိရင် အစုုိးရက အရေးယူရမယ်”ဟုု သူက ပြောသည်။
အစုုိးရသစ်အနေဖြင့် နုုိင်ငံရေးပြဿနာကုုိ စစ်ရေးဖြင့် မဖြေရှင်းဘဲ အကြမ်းမဖက်သောနည်းလမ်းဖြင့် စားပွဲပေါ်တွင် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာသော နည်းလမ်းကုုိ ဦးဆောင် လုုပ်ဆောင်သွားသင့်ကြောင်း သူက တုုိက်တွန်းလုုိက်သည်။
မြန်မာနုုိင်ငံရှိ တုုိင်းရင်းသား တော်လှန်ရေးအင်အားစုုများ၏ နယ်မြေများကုုိ ထုုိးစစ်ဆင်မှုများ ဆက်လက် ပြုလုုပ်နေမည် ဆုုိပါက မြန်မာပြည်တွင်းစစ်ကြီးပင် ဖြစ်လာနုုိင်ကြောင်းနှင့် အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ်(NLD) အစုုိးရသစ် တက်လာချိန်တွင် မြန်မာ့တပ်မတော်ဘက်မှ KIA ရှိရာ ကချင်ပြည်နယ်သုုိ့ထုုိးစစ်ဆင်တုုိက်ခုုိက်ကာ နယ်မြေ စုုိးမုုိးရေး လုုပ်လာခြင်းသည် အင်မတန်မှ ယုုတ်မာ ကောက်ကျစ်သော နည်းလမ်းဖြစ်ကြောင်း ထုုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNO ကုုိ ကချင်အမျိုးသား ဒူဝါဘောမ်ဝမ်လရော်က ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ၁၉၉၉ ခုုနှစ်က ကချင်တုုိင်းရင်းသားအရေး နုုိင်ငံတကာတွင် ဆောင်ရွက်နုုိင်ရန် စတင်ဖွဲ့စည်းခဲ့ပြီး KNO နှင့် KIO တုုိ့အကြား သဘောထားယှဉ်ပြိုင်သလိုု ဖြစ်လာသဖြင့် ၂၀၁၁ ခုုနှစ်တွင် နှစ်ဖွဲ့ သဘောတူညီမှု ပြန်လည် ညှိနှိုင်းခဲ့သည်။
၂၀၁၂ ခုုနှစ် ဇွန်လ ၂၈ ရက်တွင် KNO ၏ United Kachinland Army-UKA တပ်ဖွဲ့အား KIOနှင့် ပြန်လည် ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ KNO ရုံုးခွဲများကုုိ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ သြစတေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေး၊ ဆွီဒင်၊ တရုုတ် စသည့် နုုိင်ငံများတွင် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။







