ဒေါ်အောင်ဆန်းစုုကြည်၏ နှစ်သစ်ကူးမိန့်ခွန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုဆို

ဒေါ်အောင်ဆန်းစုုကြည်၏ နှစ်သစ်ကူးမိန့်ခွန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြိုဆို
by -
မဇ္စျိမ
 နိုင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်က အပစ်အခတ် ရပ်စဲရေးပြီးမြောက်ရန် အားလုံုးပါဝင်သင့်သည့် အဖွဲ့အစည်းများ ပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟူသော  နှစ်သစ်ကူးမိန့်ခွန်းအပေါ် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ခေါင်းဆောင်များက ကြိုဆုုိလုုိက်သည်။

ယခင်အစုုိးရနှင့် အပစ်အခတ် လက်မှတ်ရေးထုုိးခြင်း မရှိသေးသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၉ ဖွဲ့ပါဝင်သော ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ၏ ဗဟုုိအလုုပ်အမှုဆောင် တုုိးချဲ့အစည်းအဝေးတွင် အမျိုးသားဒီမုုိကရေစီအဖွဲ့ချုပ်(NLD) အစုုိးရသစ်နှင့် နုုိင်ငံရေးတွေ့ဆုံုဆွေးနွေးရန်အတွက် ပြင်ဆင်နေသည်။

 "သူထောက်ပြတဲ့ အပစ်အခတ် ရပ်စဲရေးမှာ အားလုံုးပါဝင်တဲ့ နုုိင်ငံရေးဆွေးနွေးပွဲမှာ တုုိင်းရင်းသားလက်နက်ကုုိင် အားလုံုး ပါဝင်ရေး ဒါက တော်တေ်အရေးကြီးတယ်။ ဒုုိ့ရဲ့ ့ရပ်တည်ချက်နဲ့ အများကြီး ကုုိက်ညီတယ်။ အဲဒါကုုိ သူတုုိ့ဘက်ကနေ တွန်းပြီးတော့ တပ်ရဲ့ သဘောထားတွေနဲ့ တပ်အပေါ်မှာ သူတိုု့က ဘယ်လောက်ထိ လွှမ်းမုုိးနုုိင်မလဲ၊ ကျွန်တော်တုုိ့ဘက်ကတော ့အဲဒါကုုိ သိပ်ပြီးတော့ လုုိလားတယ်။ ကျွန်တော်တုုိ့လည်း အဲဒါကုုိ တောင်းဆုုိနေတာလေ။ သူတိုု့ဘက်ကနေ တပ်ကုုိ စွဲဆောင်နုုိင်ရင်တော့ အများကြီး အမြန်ကုုိ လုုပ်ဖြစ်မယ်လုုိ့ မြင်တယ်"ဟု နုုိင်ဟံသာက ပြောသည်။

 အစည်းအဝေးတွင် နုုိင်ငံရေးဆုုိင်ရာ ညှိနှိုင်းဆွေးနွေးရေး ကုုိယ်စားလှယ်အဖွဲ့(DPN) လုုပ်ဆောင်ချက်များကုုိ UNFCခေါင်းဆောင်များအား တင်ပြကာ ပြန်လည် သုုံးသပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒေါ်အောင်ဆန်းစုုကြည်ပြောတာကုုိ ပြန် ကုုိးကားမယ်ဆုုိရင် ကျွန်တော်တိုု့ အစုုအဖွဲ့အားလုံုး ကြားထဲမှာ ရင်ကြားစေရေးလုုိအပ်သလုုိ၊ တပ်မတော်နဲ့ လူထုုကြားထဲမှာ ရင်ကြားစေရေးလည်း လုုိအပ်တယ်ဆုုိတယ်ဆုုိတဲ့ ဟာမျိုး ပြောထားတာ ရှိတော့ ကျွန်တော်တုုိ့ နားလည်ချက်နဲ့လည်း သိပ်ကွာဟာတာ မရှိဘူး။ ဥပမာ အစုုအဖွဲ့ဆုုိရင် နုုိင်ငံရေးပါတီ အချင်းချင်းလည်း ဖြစ်နုုိင်တယ်။ တပ်မတော်နဲ့ ကျွန်တော်တိုု့ လက််နက်ကုုိင် အဖွဲ့အစည်တွေကြားမှာလည်း ဖြစ်နုုိင်တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားရင်ကြားစေရေးလည်း ဖြစ်နုုိင်တယ်။ ဘာဖြစ်လုုိ့လဲဆုုိတော့ တုုိင်းပြည်အတွင်းမှာ အုုပ်စုုအားလုံုးကွဲနေကြတယ် မဟုုတ်လား၊ အားလုံုးကွဲနေတဲ့ကြားမှာ ရင်ကြားစေရေး မဖြစ်မနေ လုုပ်သင့်တယ်လုုိ့ မြင်တယ်" ဟု ကရင်နီအမျိုးသားတုုိးတက်ရေးပါတီ(KNPP) ဒုုဥက္ကဋ္ဌ ဦးခူးရယ်ကပြောသည်။

ယခင်အစုုိးရ လက်ထက်တွင် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့ဖြင့်သာ NCAလက်မှတ်ရေးထုုိးနုုိင်ခဲ့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တုုိးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တုုိးတက်ရေးပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ(MNSP)၊ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၊ ပလောင်ပြည် အမျိုးသား လွတ်မြောက်ရေး ပါတီ(PSLF)များ အပါအဝင် UNFC တွင် ပါဝင်သော အဖွဲ့အစည်း ၉ ဖွဲ့နှင့် လက်မှတ်ရေးထုုိးနုုိင်ခဲ့ခြင်း မရှိသေးပေ။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...