ဧပြီ ၅ ရက်နှင့် ၆ ရက်များတွင် မုုိင်းနောင်နှင့် မုုိင်းရှူးဒေသများသုုိ့ မြန်မာ့တပ်မတော်၏ တပ်မ ၆၆ မှ စစ်သည်များ တင်ဆောင်လာသော စစ်ကား ၃၁ စီး၊ ယနေ့ ဧပြီ ရ ရက်တွင် ခုုိလမ်မှ တာလေ ဒေသဘက်တွင် စစ်ကားအစီး ၅၂ စီး ထပ်မံ ဝင်ရောက်လာသဖြင့် စုုစုုပေါင်း စစ်ကား အစီးပေါင်း ၈၃ စီးထိ SSPP/SSA ဌာနချုပ် ဝမ်ဟုုိင်းအနီးသုုိ့ ဝင်ရောက်လာခြင်း ဖြစ်သည်ဟုု SSPP/SSA ဗဟိုုအလုုပ်အမှုဆောင်ကော်မတီဝင် ဗုုိလ်မှူးကြီး ပိန်ဖက ပြောသည်။
“အဲဒါက အားလုံုးက တပ်မ ၆၆ ကဘဲ။ အင်အားက ရ၀၀ ကျော် ၁၀၀၀ နီးပါးရှိတယ်။ ထုုိးစစ်ဆင်တဲ့လက္ခဏာပါဘဲ။ တပ်မက တပ်အစားထုုိးတာမှ မဟုုတ်တာ။ တပ်မက တုုိက်ခုုိက်ရေးဘဲလေ။ ထုုိးစစ်ဆင်တဲ့ ပုံုစံဘဲ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
ပြီးခဲ့သည့် သတင်းပတ်က မြေပြင်သတင်းပေးပိုု့ချက်အရ ဝမ်ဟုုိင်းဌာနချုပ်အား တုုိက်ခုုိက်လာမည့် စစ်ဆင်ရေးတစ်ခုုရှိကြောင်း သတင်းရရှိထားသဖြင့် SSPP/SSA အနေဖြင့်လည်း စစ်ရေးပြင်ဆင်မှုများ လုုပ်ဆောင်ထားပြီး ဖြစ်ကြောင်း သူက ပြောသည်။
“အစုုိးရသစ်တက်လာတာက အဖွဲ့အစည်းတုုိင်း၊ လူမျိုးစုုတုုိင်းက ကြိုဆုုိပါတယ်။ ဆွေးနွေးဖိုု့လည်း ဆန္ဒရှိပါတယ်။ ဒါပေမယ့် မြန်မာ့တပ်မတော်က ဒီလုုိလုုပ်တယ်ဆုုိတာကတော့ ငြိမ်းချမ်းရေးကုုိ မလုုိလားတဲ့ ပုံုစံသက်ရောက်တယ်”ဟုု သူက ပြောသည်။
ကျေးသီး၊ မုုိင်းရှူး၊ မုုိင်းနောင်ဒေသဘက်ကုုိ အစုုိးရ စစ်ကားများ နေ့စဉ် ဖြတ်သန်းနေသဖြင့် တုုိက်ပွဲ ပြန်လည် ဖြစ်ပွား လာမည်ကုုိ စုုိးရိမ်ကြောင်း ရှမ်းလူငယ်ကွန်ယက်မှ လွယ်ခမ်းပန်က ပြောသည်။
“တက်တာက အမှန််တကယ် လမ်းမှာတွေ့နေတယ်။ မနေ့က တနေ့က သွားနေဆဲဘဲ။ လမ်းကြောင်းက အများကြီးပဲ တွေ့ရတာက ပဲခူးတုုိ့ဘက်က ပြင်ဦးလွင်ဖြတ် နောင်ချိုဖြတ်ပြီးတော့ တက်လာတယ်။ တခါဖြတ်ရင် အစီး ၃၀၊ ၄၀ သွားတယ်။ အစီးရေတော့ မပြောနုုိင်ဘူးဗျ၊ နည်းနည်းစုုိးရိမ်တာတော့ရှိတယ်။ ခါတုုိင်းလည်း တပ်အပြောင်းအရွှေ့ အင်အား တုုိးချဲ့တာတွေ လုုပ်တော့ တုုိက်ပွဲဖြစ်တယ်လေ။ အခုုလည်း အပြောင်းအရွှေ့လုုပ်တာလား ။ မသွားစဖူးသွားနေတာက ထူးခြားမှုတခုုပါ”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
လက်ရှိ မုုိင်းရှူးမြို့နယ် ဟုုိင်းပါဒုုက္ခသည်စခန်းတွင် ဒုုက္ခသည်ပေါင်း ၁၀၀၀ ကျော် အစိုုးရ စစ်တပ်မှ ဆုုတ်ခွာခြင်း မရှိသဖြင့် နေရပ်ရင်းသုုိ့ ပြန်နုုိင်ခြင်း မရှိသေးဘဲ ယခုုကဲ့သုုိ့ အစုုိးရ စစ်တပ်မှ အင်အားတုုိးချဲ့လာသဖြင့် စုုိးရိမ်မှုများ ရှိနေသည်ဟုု သူက ပြောသည်။
တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးစာချုပ်မှုကြမ်း(NCA) လက်မှတ်ရေးထုုိးခြင်း မရှိခဲ့သဖြင့် SSPP/SSA အား ၂၀၁၅ ခုုနှစ် အောက်တုုိဘာလနှင့် နုုိဝင်ဘာလအတွင်း အစုုိးရ စစ်တပ်က ထုုိးစစ်ဆင်တုုိက်ခုုိက်မှုများ ပြင်းပြင်းထန်ထန် ပြုလုုပ်ခဲ့သည်။
ယင်းနောက်ပုုိင်း နှစ်ဖက် တုုိက်ပွဲများ ရပ်တန့်ရန်၂၀၁၅ ခုုနှစ် နုုိဝင်ဘာလက အစိုုးရနှင့် SSPP/SSAတုုိ့ နှစ်ဖက်တပ်များ ဆုုတ်ခွာရန် သဘောတူညီမှု ရရှိထားသော်လည်း အစုုိးရ စစ်တပ်ဘက်မှ နောက်တန်းသုုိ့ ဆုုတ်ခွာခြင်းမဟုုတ်ဘဲ ရှေ့တန်းနှင့် မနီးမဝေးတွင်သာ ဆုုတ်သွားခြင်း ဖြစ်သည်ဟုု သူက ပြောသည်။







