AA တပ်မတော်သား ၂၃ ဦးကို နှစ်ရက်အတွင်း ထောင်ဒဏ် အသီးသီးချမှတ်

AA တပ်မတော်သား ၂၃ ဦးကို နှစ်ရက်အတွင်း ထောင်ဒဏ် အသီးသီးချမှတ်
by -
မဇ္စျိမ
ရခိုင်ပြည်နယ်အတွင်း၌ ဖမ်းဆီးခံထားရသည့် AA တပ်မတော်သားများကို တရားရုံးတင် စစ်ဆေးမှုများပြုလုပ်လျက်ရှိရာ ကျောက်တော်မြို့နယ်တရားရုံးက မတ်လ ၃၀ ရက်နှင့် မတ်လ ၃၁ ရက်နေ့ နှစ်ရက်အတွင်း AA တပ်ဖွဲ့ဝင် ၂၃ ဦးကို ထောင်ဒဏ် ၃ နှစ်နှင့် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။

“အခု အဖမ်းခံရပြီး ထောင်ကျသွားတဲ့ လူတွေက ရခိုင်လက်နက်ကိုင် AA တပ်သားတွေ အမှန်တွေပါ။ အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့လူတွေပဲလေ။ တိုက်ပွဲအတွင်း အဖမ်းခံရသူတွေတော့ မဟုတ်ဘူး။ ဒုတိယအကြိမ်တိုက်ပွဲဖြစ်ပြီးတဲ့ နောက်ပိုင်း အဖမ်းခံထားရတဲ့ အဖွဲ့ပေါ့” ဟု ကျောက်တော်မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးမောင်အေးစောက မဇ္ဈိမကို ပြောသည်။

မတ်လ ၃၁ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်ခံရသော AA တပ်မတော်သားများဖြစ်သည့် ဦးထွန်းအောင်ဖြူ၊ ဦးကျော်ဝင်း၊ ဦးစိန်ကျော်သန်း၊ ဦးဇောင်လှိုင်၊ ဦးမင်းမင်းထွန်း၊ ဦးဝင်းမြင့်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၇(၂)အရ ထောင်ဒဏ် ၅ နှစ်စီချမှတ်လိုက်ပြီး ဦးထွန်းစိုး ဦးဆန်းဝင်း ဦးထွန်းဝင်း ဦးကျော်ဝင်းလှိုင် ဦးတင်ရွှေတို့ကို ၁၇(၁)အရ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မတ် ၃၀ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်တရားရုံးတွင် AA တပ်မတော်သား ၁၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ၎င်းတို့မှာ ၂၀၁၅ ခုနှစ် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲနောက်ဆက်တွဲ ဖမ်းဆီးခံရသူများဖြစ်ကာ ၃ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပြီး ကျန်သည့် ၉ ဦးကိို ထောင်ဒဏ် ၃နှစ်စီ အသီးသီးချမှတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ဒေသအသီးသီးက ရခိုင်လက်နက်ကိုင် AA နှင့် ဆက်စပ်မှုရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ၃၈ ဦးရှိခဲ့ပြီး အရာရှိ ဆိုသူများအား ၁၇ (၂) အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ပြီး ရဲဘော်ဖြစ်သူများကို ထောင်ဒဏ် ၃ နှစ်စီချမှတ် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်ရဲစခန်းတွင် ဖမ်းဆီးခံထားရပြီး တရားရုံးတင်ရန် ထပ်မံကျန်ရှိနေသေးသည့် AA တပ်မတော်သား ၁၄ ဦးကိုလည်း လာမည့် ဧပြီလ ၄ ရက်တွင် ရုံးထုတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...