ရန်ကုန် ရွှေပြည်သာတွင် နေအိမ်သုံးလုံးမီးလောင်

ရန်ကုန် ရွှေပြည်သာတွင် နေအိမ်သုံးလုံးမီးလောင်
by -
နိရဥ္စရာ
ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ ဇီဇဝါ လမ်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ပျဉ်ထောင်သွပ်မိုး နှစ်ထပ် နေအိမ်နှစ်လုံးနှင့် ပျဉ်ထောင် တစ်ထပ်အိမ် တစ်လုံး  စုစုပေါင်း နေအိမ်သုံးလုံး မီးထဲပါသွားကြောင်း သတင်း ရရှိသည်။

မီးလောင်ရာသို့ မီးသတ်ကားများ အချိန်မီ ရောက်ရှိလာပြီး ၀ိုင်းဝန်း ငြိမ်းသတ်ကြရာ နေ့လယ် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

 ၎င်းမီးသည် ဇီဇဝါလမ်း အမှတ် ၈၆ (ခ) ဦးအေးသိန်း နေအိမ်မှ စတင် လောင်ကျွမ်းခဲ့ပြီး အိမ်သုံးလုံး ဆုံးရှံုးမှု ပမာဏမှာ ကျပ်သိန်း ၂၁ သိန်း ငါးသောင်းဖိုး ရှိကြောင်း သိရသည်။

Fire in Shwe Pyitha 1

မီးသတ်ရာတွင် မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၃ စီး၊ ကွပ်ကဲမှု ယာဉ် ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၈၄ ဦး၊ အရန်တပ်ဖွဲ့ဝင် ၉၀ ဦးတို့ဖြင့် level အဆင့် ၁ သတ်မှတ် မီးငြိမ်းသတ်ခဲ့ရသည်ဟု မီးသတ်အရာ ရှိ တစ်ဦးက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ဇီဇဝါလမ်းနေ အမှတ် ၈၆ (ခ) အိမ်ပိုင်ရှင်အား (ပ) ၂၈၈/ ၂၀၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...