ထိုင်းနိုင်ငံတွင် ရခိုင်အလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် ရခိုင်အလုပ်သမား ၁၇ ဦး ဖမ်းဆီးခံရ
by -
နိရဥ္စရာ
ထိုင်းနိုင်ငံ တောင်ပိုင်း ယာလာမြို့ (Yala) တွင် ရခိုင်အလုပ်သမား ၁၇  ဦးကို ထိုင်းရဲက ဖမ်းဆီးခေါ်ဆောင် သွားသည်ဟု သတင်း ရရှိသည်။

“ သူတို့က ယာလာမြို့ ကြာဥဆိုတဲ့ နေရာမှာ လမ်းခင်း ကျောက်စီနေစဉ် မတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ရဲက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူက စုစုပေါင်း ၁၇ ဦးပါ။ အကုန်လုံး ရခိုင်တွေပါဘဲ” ဟု ကိုစံရွှေခိုင်မှ နိရဥ္စရာသို့ ပြောကြားသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးအထဲတွင် ရှစ်ဦးမှာ ပုဏ္ဍားကျွန်းမြို့နယ် တန်းခိုရွာမှ ဖြစ်ကြပြီး ကျန် ကိုးဦးမှာ ကျောက်တော်မြို့နယ်မှ ဖြစ်ကြောင်း သူက ပြောဆိုသည်။

တန်းခိုကျေးရွာမှ ဖမ်းဆီးခံရသူ ရှစ်ဦးမှာ နိုင်စိုးလင်း၊ ကျော်စိုးလှိုင်၊ မောင်လှယဉ်၊ အောင်ဖြူလှ၊ ဦးမောင်သန်း၊ မောင်ရွှေလှိုင်၊ ကျော်ဘအောင်နှင့် နောက်တစ်ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။

ကျောက်တော်မြို့နယ်မှ ဖမ်းဆီးခံရသူ ကိုးဦးတွင် လင်မယားစုံတွဲ တစ်တွဲနှင့် မောင်အေးသိန်းနှင့် ကိုခိုင်ဇာတို့ကိုသာ မှတ်မိကြောင်း ကိုစံရွှေခိုင်မှ ပြောဆိုသည်။

“ ဖမ်းတာက ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး။ အများစုမှာ ပတ်စ်ပို့နဲ့ ထိုင်းက ထုတ်ပေးတဲ့ အလုပ်သမားကတ်တွေလည်း ရှိကြပါတယ်။ လူတွေ အဖမ်းအဆီးရှိနေတော့ စုံစမ်းဖို့ ခက်ခဲနေပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

သူတို့ ၁၇ ဦးအား ယခုအခါ ဆုန်ခလာ Songkhla သို့ ယူဆောင်သွားကြောင်း၊ သူဌေးမှ ငွေဖြင့် လိုက်နေသော်လည်း အချုပ်ခန်းထဲမှ ထုတ်၍ မရသေးကြောင်း သူက ဆက်လက် ပြောဆိုသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...