ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သတ်မှုဖြင့် လူနှစ်ဦး ထောင် (၃) နှစ်ချမှတ်ခံရ

ရက္ခိုင့်တပ်မတော်နှင့် ဆက်နွယ် ပတ်သတ်မှုဖြင့် လူနှစ်ဦး ထောင် (၃) နှစ်ချမှတ်ခံရ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် AAနှင့် ဆက်နွယ် ပတ်သတ်မှုဖြင့် လူနှစ်ဦးကို ကျောက်တော်မြို့နယ်တရားရုံးက ယနေ့ မတ်လ ၁၆ ရက်နေ့တွင် ထောင် (၃) နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

သူတို့အမှုကို လုက်ပါ ဆောင်ရွက်ပေးနေသူ  ရှေ့နေ ကိုထွန်းလှက ယနေ့ နံနက်က ထောင်ချလိုက်သည်ဟု  နိရဥ္စရာသို ့ အတည်ပြု ပြောဆိုသည်။

“ရက္ခိုင် ့တပ်မတော်နဲ ့ ဆက်နွယ်ပတ်သတ်ကြောင်း တရားခွင်မှာ ၀န်ခံလိုက်တာကြောင့် သူတို့နှစ်ယောက် ကို ထောင်ဒဏ် ၃နှစ် စီချမှတ်လိုက်တာပါ။ သူတို ့ဆန္ဒရှိရင်တော့ အယူခံတက်မှာပါ “ဟု ဆိုသည်။

ထောင်ချခံရသူ နှစ်ဦးမှာ ကျောက်တော်မြို ့နယ် တင်းမကြီးကျေးရွာမှ ကျော်မိုးလှိုင်(ဘ) ဦးသာထွန်းအောင်နှင့် မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ အောင်သန်းတင်(ဘ)ဦး ဗိုလ်စိန်ဦး တို  ့ဖြစ်သည်။

သူတို့ နှစ်ဦးအား ရက္ခိုင့်တပ်မတော်(AA)နှင့် ပတ်သတ်ဆက်နွယ်သည်ဟု စွပ်စွဲချက်ဖြင့် ပုဒ်မ ၁၇ (၁) / ၁၇ (၂) ဖြင့် စစ်တပ်မှ ကျောက်တော ်တရားရုံး၌ တရားစွဲဆို ထားခြင်းဖြစ်သည် ။

သူတို ့နှစ်ဦးသည် ၂၀၁၅ခုနှစ် ဧပြီလက ရက္ခိုင့်တပ်မတော်နှင့်မြန်မာ့ အစိုးရ စစ်တပ်တို ့အကြား ပီချောင်းဒေသ စစ်ပွဲဖြစ်ချိန်တွင် ဒုတိယ အသုတ် ဖမ်းဆီးခံရသူများ ဖြစ်ကြသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...