ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး(ရန်ကုန်)ယာယီကော်မတီဖွဲ ့စည်း

ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရေး(ရန်ကုန်)ယာယီကော်မတီဖွဲ ့စည်း
by -
နိရဥ္စရာ
ရခိုင်လူငယ် ညီလာခံဖြစ်မြောက်ရေး (ရန်ကုန်) ယာယီကော်မတီအား ရန်ကုန်တိုင်း ရွှေဂုံတိုင်ရှိ ရွှေရသာ စားသောက်ဆိုင်၌ မတ်လ ၁၃ ရက်နေ ့ နေ ့လယ်  ၁ နာရီက ပြုလုပ်သည့် ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေး အကြို ညှိနိုင်း အစည်းအဝေးတွင် ဖွဲ ့စည်းလိုက်ကြောင်း သိရသည်။

“တက်ရောက်လာတဲ့ သူတွေထဲက ကိုယ်တိုင် အဆိုပြုတဲ့ အယောက် ၃၀ ကျော်နဲ ့ရခိုင်လူငယ် ညီလာခံ ဖြစ်မြောက်ရေး (ရန်ကုန်)ကို ယာယီဖွဲ ့စည်းလိုက်တာပါ။ ရခိုင်လူငယ်ထု အားလုံး ပါဝင်နိုင်အောင် အတွက် ရခိုင်လူငယ်ထုအားလုံးကို ပူးပေါင်းပါဝင်ဖို ့ ဖိတ်ခေါ်ပါတယ်” ဟု ဦဆောင်းသူတစ်ဦးဖြစ်သည် ့ ကိုခိုင်မိုးက နိရဥ္စရာသို ့ပြောသည်။

အစည်းအဝေးတွင် ရခိုင်လူငယ်ညီလာခံကို ကျင်းပပြုလုပ်မည့် မြို့အား မဲခွဲဆုံးဖြတ်ရာ မာန်အောင်မြို့ကို  ၂၅ မဲဖြင့် ရွေးချယ်ခဲ့ပြီး  တောင်ကုတ်ကို  ဒုတိယနေရာအဖြစ် လျာထားကြောင်း သိရသည်။

ရခိုင်ကျောင်းသားလူငယ်များ အစည်းအရုံး မှ လူ ့အခွင့်အရေး တာဝန်ခံ ကိုတင်ဦးက”ကျွန်တော်တို ့ ရခိုင်လူငယ်ညီလာခံလုပ်ချင်တာဟာ ရခိုင်ပါတီ ကို တခုခုဖိအားပေဖို ့ အတွက်မဟုတ်သလို ပါတီတွင်းခေါင်းဆောင်မှု ပြသာနာတွေကြောင့်လည်း မဟုတ်ပါဘူး။ နောက်ပြီး လူငယ်ညီလာခံ လုပ်ပြီးသွားလို ့ Statement ထုတ်ပြီးရင် ပြီးသွားတာမျိုးမဖြစ်စေချင်ပါ”  ဟု အခမ်းအနားတွင် ပြောသည်။

Rakhine youth

၎င်းပြင်သူက “အဖက်ဖက်က ပျက်စီးနေတဲ့ ရခိုင့်အမျိုးသားနိုင်ငံရေးကို တိုက်ရိုတ်ဘဲဖြစ်ဖြစ် အကြံဉာဏ် ပေးတာဘဲဖြစ်ဖြစ် ရခိုင်လူငယ်တွေအနေနဲ ့တက်နိုင်တဲ့ဖက်က ပူးပေါင်းပါဝင်ကူညီဖို ့ အဓိက ရည်ရွယ်ပါတယ်”ဟု ဆက်ဆိုသည်။

ရခိုင်လူငယ်ညီလာခံဖြစ်မြောက်ရန်အတွက် ရခိုင်ပြည်နယ်အနှံ့ရှိ မြို့နယ်များတွင် ကော်မတီများ ဖွဲ ့စည်း သွားမည် ဖြစ်ကြောင်း သိရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...